စောင်ပုံအောက်မှာ ရိပေါ်က ကိုကို့ကိုကျောခိုင်းထားသည်။
ပြီးတော့ ရိပေါ်က ကြောက်သည်။ ကိုကိုက သူ့ကိုသနားပြီးပြန်ချစ်တဲ့ပုံစံဖမ်းနေမှာလည်းစိုးရိမ်သည်။ ယောက်ျားလေးတွေ အချင်းချင်း ချစ်ကြကြင်နာကြတာကို ကိုကိုက မနှစ်မြို့ဘူးလို့ ရိပေါ်ကို ကိုယ်တိုင်ပြောခဲ့သည်မလား။
ထိုအရာတွေက ခေါင်းထဲမှာ ပုံရိပ်တွေကဲ့သို့ တဖြတ်ဖြတ်ပြေးနေသည်။
ဝဲသီနေသည့် မျက်ရည်တွေဟာ မျက်ခမ်းစပ်ကို ကျော်ကာ ပါးပြင်ပေါ်သို့စီးကျလာ၏။
ကိုကို့ဆီက ချစ်တယ်ဆိုတာကို ကြားချင်ခဲ့ပေမယ့် တကယ်တမ်းကြားရပြန်တော့လည်း အစစ်အမှန်မဟုတ်နေမှာကြောက်ပါသည်။
"ရိပေါ်..."
ရုတ်တရက်ကြီး ကုတင်ပေါ်ကို တက်သွားတာ စောင်ကို ခေါင်းထိခြုံပြီး တဖက်ကို လှည့်ထားသည့် ရိပေါ်၏ ပုခုံးပေါ်လက်လေးတင်လိုက်သည်။
"ဘာဖြစ်လို့လဲ ရိပေါ်"
တလှုပ်လှုပ်ဖြစ်နေသည့် ပုခုံးလေးကြောင့် ငိုနေပြီလားဟူသည့်အတွေးနှင့် စောင်ကိုဆွဲလှန်တော့ ထိုကလေးက ဆွဲထားပြန်သည်။
"ငိုနေတာလား..."
"ဟင်"
ကုတင်က အကျယ်ကြီးမဟုတ်ပေမယ့် ထောင့်ကပ်နေတဲ့ ရိပေါ်ကြောင့် သူပါ ဝင်လှဲဖို့ နေရာလုံလောက်သည်။
ဘေးအနားမှာကပ်လို့ လှဲချရင်း ပုခုံးကို ဖက်ထားသည်။ စောင်ထဲမှာ လုံးထွေးနေသည့် ကောင်လေးကိုလည်း တိုးလို့ ထွေးဖက်ထားလိုက်သည်။
ရှိုက်သံတစ်စွန်းတစ်စထွက်လာသည့်အခါ ရှောင်းကျန့်က ပြုံးသည်။ ဘယ်လိုတောင် ချစ်စရာကောင်းလိုက်လေခြင်းပါလိမ့်။
"ကိုယ် အများကြီးစဉ်းစားပြီးပြီ"
"ကိုယ့်ကိုယ်ကိုယ် ထပ်တလဲလဲ ပြန်မေးကြည့်တိုင်းလည်း အဖြေက ကိုကို မင်းကို ချစ်တယ်ဆိုတာပဲ"
"မင်းစဉ်းစားပါ... ကိုယ့်ကို ချစ်နိုင်သေးလားဆိုတာကို"
ပုခုံးနေရာလေးကို ခပ်ဖွဖွပွတ်ပေးပြီး ကုတင်ပေါ်က ထဖို့ ပြင်တော့ စောင်ပုံထဲက လက်ကလေးတစ်ဖက်ထွက်လာကာ သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...