ဒီနေ့က ရိပေါ်လေးရဲ့ ၅ နှစ်ပြည့်သည့် မွေးနေ့။
ကိတ်မုန့်စိမ်းစိမ်းလေးပေါ်မှာ ဝက်ရုပ်ကလေးတင်ထားပြီး အဲ့ဒီ့ ဝက်ရုပ်ကလေးရှေ့မှာလည်း ကိတ်မုန့်သေးသေးကလေးတစ်ခုရှိနေသည်။
ရိပေါ်လေးကတော့ မွေးနေ့အတွက် ဦးထုပ်ချွန်ချွန်လေးကို ဆောင်းထားကာ ကြိုးကိုမေးစေ့မှာသိုင်းထားသည်။
"သားလေး ပါပါးပြန်မလာနိုင်တာ တောင်းပန်ပါတယ်နော်"
"ရပါတယ် ပါပါးရဲ့... ပိုက်ပိုက်တွေရှာနေတာပဲကို သားက စိတ်ဆိုးစရာလားနော်"
ဖုန်းကို မနိုင်မနင်းကိုင်ရင်း နှုတ်ခမ်းလေးတွေစူကာစူကာ ပြောရှာသည်။
"ဖုန်းချလိုက်တော့မယ်နော် ကိတ်မုန့်သွားကြည့်ချင်လို့"
ဖုန်းကို မအေဖြစ်သူစီကို ထိုးပေးကာ ထွက်ပြေးသွား၏။
"မာမား ဒီ ဝက်ကလေးက စားလို့ရလား"
"ရတာပေါ့ ရတာပေါ့"
"ကိတ်မုန့်လေးနဲ့နော် သူ့မှာလည်း။ ချစ်စရာလေးနော်... "
"ဟုတ်ပါ့ ဟုတ်ပါ့"
ဘူးထဲက မထုတ်ရသေးသည့် ကိတ်မုန့်ကို ချောင်းကြည့်ချောင်းကြည့်နှင့် ပျော်နေရှာသည်။
"ကိုကို့ကိုသွားခေါ်ဥိးမယ်"
ကိတ်မုန့်ဝယ်လာပြီးကတည်းက မချွတ်တော့သည့် ဦးထုပ်ချွန်လေးကို ဆောင်းကာ ဖင်လေး လိမ်ဖယ်လိမ်ဖယ်လုပ်ရင်း တဘက်အိမ်ကို ထွက်သွားသည်။
ချစ်စရာသားလေးတောင် ငါးနှစ်တင်းတင်းပြည့်ပြီမို့ ကြည်နူးစိတ်က တဖွားဖွားနှင့်။
•
•
•
"ကိုကို့မာမားရေ... "
"ဟော မွေးနေ့ရှင်လေး မိုက်လှချေလားကွ"
အစိမ်းရောင် ဝမ်းဆက်လေးကို ဝတ်ထားသည့် ရိပေါ်လေးက အရပ်ကလေးသိသိသာသာရှည်လာသော်လည်း ခြေသလုံးဖွေးဖွေးတွေကတော့ ဘောင်းဘီတိုလေးအောက်မှာ ယခုထိတိုင် ခပ်ဖောင်းဖောင်းတုပ်တုပ်ကလေးရှိနေသေးသည်၏
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...