"ရိပေါ်"
ကျောင်းသွားခါနီး လွယ်အိတ်ထဲက စာအုပ်တချို့ကို စစ်ဆေးနေတုန်း ခေါ်သံကြားရသည်မို့ ကြည့်လိုက်တော့ တံခါးဝမှာ ကိုယ်တခြမ်းမှီပြီး လက်ပိုက်ကာရပ်နေသည့် ကိုကို့ကိုတွေ့ရသည်။
"ဟုတ်"
"ကိုယ်လိုက်ပို့မယ်"
ရိပေါ်က မျက်လုံးလေးပြူးလို့ လှန်းကြည့်ပြန်၏။ ကျောင်းဝတ်စုံနှင့်ရိပေါ်က တကယ်ပင် ချစ်ဖို့တစ်မျိုးကောင်းပြန်၏။
"ပြူးကြည့်မနေပါနဲ့... ကိုယ် မြို့ထဲကိုသွားစရာရှိလို့"
ရိပေါ် လွယ်အိတ်ကလေး ပုခုံးပေါ်တင်လို့ မနက်စာစားရန်စားပွဲဝိုင်းဆီခြေလှမ်းတော့ ကိုကိုက လွယ်အိတ်ကနေလှမ်း၍ ဆွဲထားသည်။
"လမ်းမှာဝင်စားကြမယ်"
ရိပေါ် အခုထိပြူးကြောင်ကြောင်ကလေးဖြစ်လို့မဆုံး။ ညကတင် ရုပ်တည်ကြီးနှင့် အော်လားဟောက်လားနှင့် ။ လန်ဘားလို့ပြောခဲ့သည်ကိုပင် တောင်းပန်ရမလိုလို။
ကားပေါ်ရောက်တော့လည်း ရိပေါ်က ကိုကို့ကို လှည့်ကာ လှည့်ကာ ခိုးခိုးပြီးငေး၏။
ကားမောင်းနေသည့် ကိုကိုက တကယ်ကိုဆွဲဆောင်မှု အပြည့်နှင့် ခန့်ညားသည်။ တိတ်တိတ်ကလေး ပြုံးလို့ တဖက်ကိုလှည့်ရသည်။ ကိုကိုမြင်သွားရင် တစ်မျိုးထင်သွားမည်စိုးပါသည်။
"ဘာဖြစ်နေတာလဲ ပြုံးစိစိနဲ့"
"ဘာမှ.. မဖြစ်ပါဘူး"
"ရိပေါ် မင်းသိလား"
"ဟုတ်"
"မင်း ငယ်ငယ်က သိပ်စကားများတာ...။ အခုကျတော့လည်း လူစားလဲခံရသလိုပဲ"
"မဟုတ်ပါဘူး"
"အမြဲ ငါ့အနားကပ်ပြီးတော့ ကိုကို သားနဲ့တည့်တယ်နော် သားကိုချစ်လား ဒါပဲမေးနေတာ"
ရိပေါ်မမှတ်မိတော့မယ့် အကြောင်းအရာတွေကို ကိုကိုက ပြန်ပြောပြနေသလိုပင်။
အလိုအလျောက်မှတ်ဉာဏ်တွေကိုဖျောက်ဖျက်လိုက်တဲ့ ဦးနှောက်ရဲ့ စနစ်တစ်ခုဟာ ကိုကိုနဲ့အတူရှိခဲ့တဲ့ အခြေအနေတစ်ချို့ကိုတော့ ချန်ထားခဲ့လို့ တော်သေးသည်ပင်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...