"ဧည့်သည် အားနာပေမယ့်ဆိုင်မဖွင့်သေးပါဘူး"
ရိပေါ် မုန်ညင်းရွက်တွေလှီးနေတုန်း မာမားရဲ့ အသံကိုကြားသည်။
"အလုပ်လာလျှောက်တာပါဗျ"
"ဪ... ဒီရက်က ဝန်ထမ်းအခေါ်နားထားတယ် ။ ဆိုင်က သေးတော့လေ အားရီတို့လည်း လခပေးဖို့ အဆင်မပြေ"
"လခ ပေးစရာမလိုပါဘူး... အလကားလုပ်ပေးမှာပါ"
ဝမ်ရိပေါ်တစ်ယောက် တလှုပ်လှုပ် လှီးချနေသည့် ဓားကို ချကာ အပြေးထွက်သွားလိုက်သည်။ ထင်သည့်အတိုင်း ကိုကိုပင်။ ပြီးတော့ မာမားက နည်းနည်းဝလာပြီး မက်စ်တပ်ကာ မျက်မှန်ပါ မချွတ်ထားသည့် ကိုကို့ကို မမှတ်ဘူးထင်၏။
"မား... ကျွန်တော်ခေါ်ထားတာ"
မားကိုပြောပြီးသည်နှင့် မျက်စပစ်ကာ အရိပ်အခြေပြလေတော့ ကိုကိုက ကုပ်ကုပ်ကလေးလိုက်လာသည်။ ငယ်ငယ်က ဒေါသတကြီးနှင့် သူ့ကို ဆူပူခဲ့တာ သူမဟုတ်သလို။
"ကျောက ဒဏ်ရာ သက်သာလား"
"သက်သာပါတယ်"
"မာမားပြောသလိုပဲ ကျွန်တော်တို့ဆိုင်က..."
"မလိုလည်း လုပ်မယ်"
စကားမဆုံးသေးခင် ခပ်ပြတ်ပြတ်ပြောသော ကိုကို့စကားကြောင့် ရိပေါ်တစ်ယောက် ဘာပြန်ပြောရတော့မယ်မသိ။
"ကိုယ် လော့ရန်မှာ သုံးလနေမယ်"
"ဟင် သုံးလတောင်"
"ဟုတ်တယ်လေ... ဘာလဲ ကိုယ့်ကို မခေါ်ထားချင်ဘူးလား"
"ဟင်... ခေါ်ထားရမှာ"
"အားရီက ကိုယ့်ကို မမှတ်မိဘူးထင်တယ်နော်"
"ရုပ်ဆိုးလာတာကို"
တဖက်လှည့်ပြီး နှုတ်ခမ်းထော်ကာ တိုးတိုးလေး ပြောလိုက်ပေမယ့် ရှောင်းကျန့်က ကြားလိုက်ခြင်းကြောင့် ရယ်လိုက်ရုံအပြင်မတတ်နိုင်ခဲ့။
ချစ်တဲ့စိတ်နှင့်ကြည့်တော့လည်း ဘာလေးလုပ်လုပ် ချစ်မြတ်နိုးဖွယ်လေးပင်။
"သားရေ သောက်ပါဦး... လော့ရန်က ထွက်တဲ့ ပန်းလက်ဖက်ခြောက်"
မာမားက ဗန်းကြီးကိုင်ကာ ရိပေါ်တို့ထိုင်နေသည့် စားပွဲဝိုင်းနားကပ်လာသည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...