Unicode
ဒိုင်နိုဆောအရုပ်လေးတစ်ရုပ်။
ရိပေါ်လေးစားတဲ့ မုန့်ထုပ်ထဲက အစိမ်းရောင်ဒိုင်နိုဆောရုပ်လေးပါလာသည်။ထိုအရုပ်ကလေးကိုထုပ်ထားသည့် ပလပ်စတစ်အိတ်မှာ ကပ်နေတဲ့ မုန့်အမှုန်တွေကို လက်ညှိုးလေးနဲ့ သပ်သပ်ပြီး ပြောင်စင်သွားတဲ့အထိ လျှာနှင့်လျက်ပစ်သည်။
ကိုကိုသာရှိရင် ရိပေါ်ကို ညစ်ပတ်ကောင်လို့ အော်ဦးမှာပင်။
"ရိပေါ်... သား စားတာ များပြီနော်... ထမင်းမစားနိုင်ဘဲနေမယ်"
"သားစားနိုင်တယ်... ဗိုက်ထဲမှာနေရာတွေချိပါသေးဒဲ"
မအေဖြစ်သူရဲ့ လှမ်းသတိပေးသံကို ခြေထောက်လေးတွေဆင်းလို့ မုန့်ထုပ်ကိုပေါင်ကြားထဲထည့်ကာ နှုတ်ခမ်းထော်ထော်နှင့် ပြန်လည်ဖြေကြားသည့် ကလေးငယ်ပေါက်စ။
"သားက ကိုကို့အတွက်လေ... အစိမ်းရောင် ပေးချင်လို့လေ... "
တစ်ဦးတည်း ရေရွတ်ရင်းနှင့် ပလပ်စတစ်ထဲက အစိမ်းရောင်ဒိုင်နိုဆောရုပ်လေးကို ထုတ်သည်။
"မင်းကိုကိုက ဆော့ပါ့မလားသားရဲ့... ကိိုကိုက လူကြီးဖြစ်နေပြီ"
"ကိုကိုက လူကြီးဖြစ်သွားယို့လေ... ချိတ်မချယို့ စောင့်ရှောက်ဖို့ ဒါက အိပေါ်ရဲ့ ကိုယ်ပွား"
"ကိုယ်ပွား???"
စကားသင်သည့်အရွယ်မို့ ထူးထူးဆန်းဆန်းစာလုံးလေးတွေ သုံးတတ်သည့် ရိပေါ်လေးက မာမားဖြစ်သူအတွက်တော့ ဆည်းလည်းလေးပင်။
ထို့အပြင် ယခုနေထိုင်ရာ ရှောင်းအိမ်တော်ရဲ့ ဆည်းလည်းလေးလည်းဖြစ်ပေသည်။
•
•
•
ရှောင်းကျန့် ကျောင်းက ပြန်ရောက်သည်နှင့် ခြံထဲ၌ ဆူဆူညံညံ အသံတစ်ချို့ကိုကြားသည်။
ရှောင်းကျန့်ရဲ့ ဝမ်းကွဲမောင်နှမတွေ အလည်လာကြသည်ဖြစ်မည်။တခြားနယ်က လာရောက်သည့် အဖေ့ဖက်က မောင်နှမတွေထဲ၌ ရှောင်းကျန့်နှင့် မတိမ်းမယိမ်းအရွယ် ကောင်မလေးနှင့် ရိပေါ်ထက် တစ်နှစ်နီးပါးလောက်ငယ်သည့် ကလေးမလေးလည်းပါသည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...