ဆိုင်ကို နောက်ကျမှ ရောက်လာသည့် ယွီပင်း ဆိုင်တံခါးဖွင့်သည်နှင့် ငုတ်တုတ်ကြီးထိုင်ကာ စူပုပ်နေသော ရှောင်းလူကြီးမင်းကိုမြင်လိုက်ရ၏.
"ညိုကီ... ဘာဖြစ်လာတာလဲ မျက်နှာကလည်း လဒကြီး ဗိုက်ဆာနေသလိုပဲ ညိုကီ"
ရွှတ်နောက်နောက်ပြောနေသည့် သကောင့်သားကို စက္ကူတစ်ရှူးဘူးနှင့် ပစ်ပေါက်လိုက်သည်။
"ကိုယ်ထိလက်ရောက်နော် မင်း"
"ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေစမ်းပါ"
"ကလေးကို အော်တုန်းက အော်ပြီး စိတ်မကောင်းဖြစ်နေတယ်လို့ လာမပြောနဲ့နော်"
ရှောင်းကျန့်က စားပွဲခုံကို ဖောင်းခနဲရိုက်ချလိုက်သည်။
"ငါမအော်ပါဘူး"
" မအော်ဘူး?"
"ထားပါ... အာရုံမနောက်နဲ့ "
အမှန်တော့ ရှောင်းကျန့်ညစ်နေသည်မှာ ထိုကိစ္စမဟုတ်ပေမယ့် ထိုကိစ္စနှင့်ပက်သက်တာပင်။
ရိပေါ်က သူ့ကို မနေ့ညကတည်းက စကားမပြော။ ပုံမှန်ဆိုလျှင် အိပ်ခါနီးတိုင်း "ကိုကို ကျွန်တော်အိပ်တော့မယ်"၊ "မနက်စောစောနှိုးရဦးမလား"စသဖြင့် စကားအတိုအထွာလေးတွေ လာလာပြီးပြောနေကျ။မနေ့ညကတော့ ထိုသို့ပင်မဟုတ်။ ထမင်းအတူစားကြတော့လည်း အမြန်စားပြီး အိမ်စာလုပ်စရာများသည်ဟူသော အကြောင်းပြချက်နှင့် အစောကြီးအခန်းထဲဝင်သွားခဲ့၏။
မနက်နိုးတော့လည်း ကျောင်းကိစ္စရှိသည်ဟူ၍ သူ့ကိုတွေ့သည်နှင့် စားလက်စ မနက်စာကို ပစ်ချကာ အမြန်ထွက်သွားပြန်သည်။
သေချာသလောက်ကတော့ ရိပေါ် သူ့ကိုရည်ရွယ်ချက်ရှိရှိရှောင်နေတာပင်။
အတန်ကြာမှ
"ယွီပင်း... ငါ မနေ့က အော်တာ ကျယ်သွားလို့လား"
"ကျယ်တယ်တော့ဘယ်ဟုတ်မလဲ... မင်းက လေသံမာမာကြီးနဲ့ 'ထားလိုက်တော့... ဘာညာ' အဲ့လိုပြောတော့ ဟိုက ဘယ်စိတ်ကောင်းမလဲ... ပုစိကလေးတည်းက မင်းမျက်နှာပဲကြည့်ပြီးနေနေတဲ့ကောင်လေး"
ရှောင်းကျန့် ဘာမျှတော့ဆက်မပြော။ စိတ်ဆိုးသွားတာ သေချာရင်တော့ ချော့မော့ရဦးမည်ပင်။ ငယ်ငယ်တုန်းက ပေါက်စလေးမဟုတ်တော့သလို သူလည်း ငယ်ငယ်တုန်းကလို လူဆိုးလေးမဟုတ်ချင်တော့ပါ။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...