သူတို့အကြောင်းကိုပြောပြတော့ ထောင်ထောင်က ပြုံးပြုံးကြီးနှင့် သူသိသားပဲဆိုသည့် အပြုအမူပြသော်လည်း ယွီပင်းကမူ ပါးစပ်အဟောင်းသား။
"အဲ့ဒီ့တော့ တကယ်ကြီးကြိုက်သွားတာလား"
"အင်း... "
ရိပေါ်က ကန်ထဲက ငါးလေးတွေဆီ ငါးစာထည့်နေရင်းက မျက်နှာသေနှင့်ပြန်ဖြေသည်။
"အတွဲတွေများ မူယာမာယာကိုများတယ်"
"ကောင်မလေးရရင်သိလိမ့်မယ်"
ထောင်ထောင်က မျက်ထောင့်နီနှင့် ကြည့်လာ၏။
"အပူမရှာချင်ပါဘူး ချစ်တုံးကြီးရယ်"
ရိပေါ်ရဲ့ ခေါင်းဟာ ပွတ်ဖွခံလိုက်ရပြန်၏။ တွေ့သမျှသူတိုင်း ရိပေါ်ခေါင်းကိုချည်း ပွတ်သပ်နေတာ တကယ်မကြိုက်ပါ။ ကိုကိုက လွဲရင်...
•
•
•
"ခေါက်ဆွဲဆိုင်ကိုလာခဲ့ကြဦးလေ..."
ပြန်ခါနီးတော့ ကိုကိုက ထောင်ထောင်နဲ့ ပင်းကောကို ရိပေါ်ရဲ့ ဆိုင်ကိုဖိတ်သည်။ ပါးနှင့်မားကတော့ ရိပေါ်၏ အိမ်ကို လူကြီးစုံလင်စွာ ဖွင့်ပြောချင်သည့် ရှောင်းကျန့်၏ ဆန္ဒကြောင့် ဝမ်မိသားစုရှိရာကိုလိုက်လာခဲ့ခြင်းပင်။
"မင်းတို့ ယူရင် တစ်ဝိုင်းလေ"
"ဆိုင်မှာ အရက်၊ဘီယာ မရောင်းဘူး"
ရိပေါ် အပြောကြောင့် ပါပါးကပါ ဝင်ရယ်သည်။ မသိလိုက်မသိခင်မှာပဲ ရိပေါ်က အခုချိန်ထိကို ဆည်းလည်းလေးဖြစ်နေတုန်းပင်။
"ကဲကဲ သွားကြတော့ ကားနောက်ကျနေဦးမယ်"
မာမားက ရိပေါ်ကိုဖက်ကာ ပါးဖွေးဖွေးကို မွှေးကြူသည်။
"မာမားတို့ လိုက်လာခဲ့မယ်နော်... ကျန့်ကျန့် ကလေးကို ဂရုစိုက်နော်"
ချုံချင်းအပြန်ခရီးက နွေးထွေးဖွယ်လေးဖြစ်နေပေမယ့် ရိပေါ်ကတော့ မိဘတွေကို ပြောရဦးမယ့်အရေးတွေးကာ အနည်းငယ်ပူပင်နေသည်။
အဝေးပြေးကားပေါ်တစ်လျှောက်လည်း မှိုင်မှိုင်တွေတွေကလေးနှင့်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...