ရိပေါ်က ကိုကို့ဆိုင်မှာ ရှိနေတဲ့ ငါးကန်တွေကြားထဲမှာ ကုပ်ချောင်းကုပ်ချောင်း။
ရိဟွာဆိုသည့် ဟို အစ်မကြီးရောက်နေသည်မှာ နာရီဝက်လောက်ရှိနေနှင့်ပြီဖြစ်၏။ ကိုကို့နေရာကို လှမ်းမြင်ရသည်မို့ သူတို့နှစ်ဦး၏ အပြုအမူကို ရိပေါ် လှမ်းလှမ်းကြည့်မိနေသည်။
တိုးတိုး တိုးတိုးနှင့် ဘာတွေပြောနေကြသည်မသိ။ ကိုကိုကလည်း ခပ်ပြုံးပြုံးလုပ်လိုက် ဟိုအစ်မကြီးကလည်း နှုတ်ခမ်းကို လက်နှင့်အုပ်လျက် ရယ်ကာ ရယ်ကာ။
ရိပေါ် စိတ်ညစ်လာသည်။ဒီလိုသာဆိုလျှင် ကိုကို တကယ်ကြီး ရည်းစားရသွားတော့မည်။
ရိပေါ် တွေးလေ စိတ်ညစ်လေမို့ ငါးစာကျွေးရတာကိုတောင်စိတ်မပါတော့။
"ချစ်တုံးကြီး ငါးစာကို ငါးကန်အပြည့်ဖြည့်နေတာလား"
အနောက်ကနေ၍ ပခုံးကို လာဖက်သည့် ထောင်ထောင့်အသံကြားမှာ ရိပေါ် သတိထားမိ၏။ ငါးကန်ထဲမှာ ငါးစာတွေ တပုံကြီးပင်။
ကိုကိုသိလျှင် အော်ခံရတော့မည်။
အတွေးပင်မဆုံးသေး ကိုကိုဟာ ရိပေါ်တို့ ရှိရာကို ရောက်လာသည်။
"ဝမ်ရိပေါ်... ဒီရက်စိတ်နဲ့လူနဲ့ မကပ်ပါလား။ ရည်းစားရနေတာလား ငါ့ချစ်တုံးကြီး"
ကိုကို့မျက်လုံးတွေဟာ သူတို့ရှိရာဘက်ကို ဦးတည်လာခဲ့သည်။ ပြီးတော့ ညာဖက်မျက်ခုံးကို ပင့်ပြီး မေးငေါ့ပြသည်။
ရိပေါ်ကတော့ ဘာရယ်ညာရယ်မသိ ခေါင်းကိုသာ အလိုအလျောက် ခါမိလျက်သား။
"မင်းကလည်း ပေါက်ကရ... "
တင်ထားသည့် ပုခုံးပေါ်မှ ထောင်ထောင့်လက်ကို ဆွဲချလိုက်၏။
"ဟုတ်တယ်မလား မင်း ကြိုက်နေတဲ့ ကောင်မလေးတွေ့နေပြီမလား"
ဆိုင်အပြင်ကိုထွက်သွားသည့် တစ်လျှောက်လုံး ထောင်ထောင်က နောက်က လိုက်ကာ စနောက်နေသည်။
"အားနေရင်လည်း ငါးချေးသွားကြုံးနေတာမဟုတ်ဘူး"
ရိပေါ်က ခပ်ပြတ်ပြတ်ရေရွတ်တော့ ထောင်ထောင်က ပါးစပ်ကြီးဟပြီး အော်ရယ်သည်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...