ရိပေါ်က တကယ်ပင် ပြန်သွားခဲ့၏။
ရှောင်းကျန့်မှာ ဖျားနာနေရက်နှင့် ခေါက်ဆွဲဆိုင်အထိ လိုက်ခဲ့သော်လည်း ပြန်သွားပြီဆိုသော အားရီဝေ၏ စကားနှင့် အခန်းလွတ်တစ်ခုသာ သက်သေကျန်ခဲ့၏။
ဝမ်ရိပေါ်က ဖုန်းဆက်တော့လည်းမကိုင်။ မပြန်ခင်တော့ မာမားနဲ့ ပါပါးဖုန်းထဲကို စာတစ်စောင်စီပို့ပြီး နှုတ်ဆက်သွားသည်တဲ့။
သူ့ဆီကို ဘာမျှ အကြောင်းမကြားတာကို သိရတော့လည်း ရင်ထဲ တနုတ်နုတ်နှင့်ပင်။
ဆေးလိပ်ဘူးကို စားပွဲပေါ်တင်လို့ တစ်လိပ်ပြီးတစ်လိပ်ဖွာရှိက်မည်ဟုတွေးထားသော်လည်း ကျေးဇူးရှင် ယွီပင်းက နေမကောင်းလျက်နှင့်သောက်သည်ဟု အော်ငေါက်ကာ ဆေးလိပ်ဘူးရော မီးခြစ်ရောကိုပါ သိမ်းသွားလေသေးသည်။
အဖျားမကျသေး... စိတ်လည်း မမာမကျန်းဖြစ်နေသေးသည်။
ခေါင်းကိုမော့ကာ မျက်နှာကျက်ကိုကြည့်မိတော့ မျက်လုံးထောင့်၌ စီးကျသွားသော မျက်ရည်ပူတို့အားခံစားမိပါသည်။
နေမကောင်း၍ ကျသော မျက်ရည်ပူပင်ဖြစ်နိုင်ပါလိမ့်မည်။
•
•
•
လော့ရန်မြို့၏ ရပ်ကွက်တစ်ခု၌ ခေါက်ဆွဲဆိုင်လေးတစ်ဆိုင် ဖွင့်ရန်ပြင်ဆင်နေသည်။
လမ်းသွားလမ်းလာများကလည်း ဖြတ်သွားတိုင်း နေရာကျဉ်းသော်လည်း ချစ်စရာကောင်းဟန်ရှိသည့် ထိုဆိုင်သေးလေးကို စပ်စပ်စုစုကြည့်ကြသေးသည်။
ဘောင်းဘီတိုလေးနှင့် တီရှပ်ဖြူဖြူပွပွကိုဝတ်ကာ လက်ကိုင်ပဝါကို ခေါက်ကာ နဖူးစည်းကဲ့သို့ အသုံးပြု၍ စည်းထားသည့် ကောင်လေးတစ်ယောက်သည်လည်း ချွေးသံတလုံးလူံးနှင့် ဆိုင်ဖွင့်ဖို့ကို အားကျိုးမာန်တက် ကူညီနေသည်။
ထိုကောင်လေးမှာ ဝမ်အိမ်၏ တစ်ဥိးတည်းသော ချစ်မွေးလေး ရိပေါ်ပင်။
"သားရေ မားကို အဲ့က ဖန်ခွက်တွေယူလာပေးပါ မကွဲစေနဲ့နော်"ရိပေါ်က တုံ့ပြန်စကားမဆိုပေမယ့် ဖန်ခွက်တွေထည့်ထားသည့် ဂျပ်ဖာပုံးကို မ,သယ်ကာ မာမားရှိနေသည့် မီးဖိုချောင်ဘက်သို့ ဦးတည်လိုက်၏။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...