"သားသား... မုန်လာဥနီတွေကို ဖယ်မပစ်နဲ့လေ"
ဝမ်မာမား၏ သတိပေးသံကြောင့် ခေါက်ဆွဲကိုငုံ့ပြီးစားနေသည့် ရှောင်းကျန့်ပါ မော့လို့ကြည့်မိသည်။
"ကြိုက်ဝူးယေ... "
"စားရင်းနဲ့ ကြိုက်သွားမှာပေါ့"
"ဟင့်အင်း စားချင်ဘူး"
တူကို မကိုင်တတ်ကိုင်တတ်နှင့် တစ်မျှင်ချင်းညှက်ကာ ညှက်ကာစားနေသည့် ရိပေါ် ပေါက်စလေးမှာ နှုတ်ခမ်းထူထူ၌လည်း ဆီတွေဝေ့လို့။
"ကိုကိုကရော မုန်လာဥစားလား"
"စားတာပေါ့ ဒါကြောင့်ကိုကို အရပ်ရှည်တာ"
ရှောင်းကျန့်ကို မေးပေမယ့် ဝမ်မာမားက ဖြေလိုက်တာကြောင့် ပေါက်စကလေးမှာ သိပ်တော့ မကျေနပ်။ သို့ပေမယ့်လည်း ခေါင်းလေး ညိတ်ကာ ခေါက်ဆွဲကို တူနှင့် ဆက်ညှက်လို့စားပြန်သည်။
"ကြိုက်လား ရိပေါ်လေး... မင်း ကိုကိုကတော့ ဒီဆိုင်က ခေါက်ဆွဲဆို သိပ်ကြိုက်ပဲ"
"ကိုကိုကြိုက်ရင် သားလည်းကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့... သားတို့က အတူတူလေ... "
နှုတ်ခမ်းစူစူလေးက ခေါက်ဆွဲမျှင်လေး တစွန်းတစထွက်လို့ အဆီတဝေ့ဝေ့နဲ့ ပြုံးကာ ပြုံးကာပြောသည်မှာ ချစ်စဖွယ်။
"ဆီတွေသုတ်ဦး... စိတ်ညစ်စရာ"
"ကျန့်ကျန့်"
ရှော့ပင်းမောလ်က ကိစ္စကြောင့် ဆူခံရဖို့ ပြန်တွေးမိတိုင်း ပေါက်စီကောင်ကို ဝါးတူနဲ့သာ ခေါက်ချင်သည်မို့ ဟောက်ဟမ်းလိုက်သည်။ သို့သော်လည်း မာမားက ပေါင်ကို ဆတ်ခနဲ လာဆိတ်တာကြောင့် ထိုပေါက်စကို ဂြိုလ်ကြည့်ကြည့်ပြီး ခေါက်ဆွဲသာဆက်စားသည်။
အရမ်းကြိုက်တဲ့ ခေါက်ဆွဲတောင် စားလို့မကောင်းဖြစ်ရသည်အထိ။
"ကိုကို သားတို့ ဒီနေ့ တည့်တယ်နော်"
အမျိုးသမီးနှစ်ယောက် သန့်စင်ခန်းသွားတုန်း အမျိုးသားပေါက်စလေးနှစ်ဦးက ထိုင်ကျန်ရစ်သည်။ ခေါက်ဆွဲစားပြီး အအီပြေအောင် ရှောင်းကျန့်က Sparkling အေးအေးလေး မှာသောက်သော်လည်း ရိပေါ်မှာတော့ ရေခဲမုန့်တစ်ခွက်နှင့်။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...