ရိပေါ်လေးတစ်ယောက် လက်မှာ စည်းပေးထားခဲ့သည့် ပတ်တီးကို ကြည့်နေမိတာ ခဏခဏပင်။
မဆိုင်သည်ကို ဝင်ကူညီပေးတာကို ကျေးဇူးတင်ပေမယ့် ခေါက်ဆွဲတစ်ပွဲဝယ်ကျွေးရမည် ဟူသော အတွေးက လက်ရှိမှာ ငမွဲလေးဖြစ်နေသည့် သူ့အတွက်တော့ အနည်းငယ် အောင့်သက်သက်ရှိလှသည်။
ဟိုဟိုဒီဒီ တွေးနေရင်းနှင့်ပင် ထောင်ထောင့်အား ဖုန်းဆက်ရန် သတိရသွားသည်။
လက်ကိုင်ခလုတ်ဖုန်းလေးကို ကိုင်လို့ ခေါက်ဆွဲဆိုင်က ပေးထားသည့် အခန်းလေးထဲ ရိပေါ်က ဟိုဘက်လျှောက်လိုက် သည်ဘက်လျှောက်လိုက်။
ထောင်ထောင်က နံပါတ်ပေးထားသည်မို့ ရိပေါ် ဖုန်းခေါ်ဖို့ ပြင်သည်။
ထောင်ထောင်က ဖုန်းကိုင်ပြီးသည်နှင့် တစ်နေရာမှာ တွေ့ဆုံရန် ချိန်းဆိုမှုလုပ်သည့်အပြင် စကားတွေအများကြီးမပြော။ တွေ့မှသာ တဝကြီးပြောမည် ထင်သည်။
ထောင်ထောင်နှင့် စကိတ်စီးဝါသနာတူနေဆဲဆိုတာ သိထားတာမို့ ထောင်ထောင်က ရိပေါ့်အတွက်တော့ ဘော်ဒါကောင်းတစ်ယောက်ဖြစ်နေလိမ့်ဦးမည်ပင်။
"အဲ့ဒါဆို Little fox ဆိုတဲ့ ဆိုင်ကို ငါက လာခဲ့ရမှာပေါ့"
"အင်း... အဲ့မှာ စောင့်နေမယ်... မင်းတွေ့ရမယ့် သူလည်းရှိတယ်"
"ဘယ်သူလဲ"
"သူနဲ့ မင်းမတွေ့ရသေးဘူးမလား... "
"ဘယ်သူလဲဟင်... ကိုကိုလား? ကိုကို့ကိုလား..."
"ဟေး ချစ်တုံးကြီးကလည်း စကားတွေ များတာကွာ... တော်ပြီ ဖုန်းချလိုက်တော့မယ်"
အကျင့်မကောင်းလွန်းသည့် ထောင်ထောင်ဟာ ဖုန်းကို ဖြတ်ချလိုက်တာကြောင့် ရိပေါ်မှာ ငင်ခနဲ။
သို့ပေမယ့်လည်း ကိုကို့ကို တွေ့ရမလားဟူသည့်စိတ်နှင့်ပင် ရင်တွေဟာ တဒိန်းဒိန်းခုန်လို့နေသည်.။
တကယ်သာ ကိုကို့ကိုတွေ့ရမည်ဆိုလျှင် ရိပေါ် ဘာတွေပြောရမည်လဲ။
လွမ်းနေသည့် အကြောင်းလား။ လာလည်ဖို့ ခေါ်ခဲ့ပေမယ့် သူတို့တမိသားစုလုံး ပါပါးပြောင်းသည့် နယ်စပ်ဘက်ကို လိုက်သွားရသည့် အကြောင်းကိုလား။
YOU ARE READING
ကိုကိုဘာလို့မချစ်တာလဲ|| Begging a little love ||
Fanfictionကိုကို ဘာလို့ မချစ်တာလဲ...