လောကဓာတ်ကြီးတစ်ခုလုံးသည်တိတ်ဆိတ် ငြိမ်သက်လျက်ရှိသည်။လောကကြီး၏ ငြိမ်သက်ခြင်းကို ကောင်းကင်ပြင်မှ ဈာန်ယာဉ်စီးလျက်ရှိသော စန္ဒာရွှေလမင်း
ကြီးသည် ဘော်ငွေအဆင်းကဲ့သို့ ဝင်းဝင်းတောက်လျက်ရှိသော သူ၏ရောင်ခြည်ဖြင့် ဖြန့်ဖြူးမှုန်းခြယ်ကာ ကျေနပ်နှစ်သက်စွာ စူးစိုက်ကြည့်နေလေ၏။ထိုအချိန် ခပ်ကြမ်းကြမ်းကားစက်သံနှင့်အတူ ကုစံအိမ်ဝန်းအတွင်းသို့ ဝင်ရောက်လာသော classicဆန်ဆန်ကားအနက်ရောင်ကြောင့် တိတ်ဆိတ်နေသော ညသန်းခေါင်အချိန်သည် အနည်းငယ်ဆူညံသွားသည်။
ထို့နောက် ကားတံခါးဖွင့်ပြီးထွက်လာသော အမျိုးသား၏မျက်လုံးများသည်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် စူးရဲနေပြီး မျက်ခုံးတို့သည်လည်း တွန့်ချိုးနေပေသည်။
"သခင်လေး မနက်မှ ပြန်ရောက်မယ်ထင်တာ ညတွင်းချင်းပြန်လာတာပဲဗျ"
အထိန်းတော်ကြီး၏ စကားကို ပြန်မဖြေပဲ ခြေလှမ်းကျဲကျဲများဖြင့် စံအိမ်လှေကား၏ညာဘက်ခြမ်းသို့ တက်သွားလေသည်။
*မောင်ပြန်ရောက်တာသိလျက်နဲ့တောင် ထွက်မတွေ့ဘူးဆိုတဲ့သဘောလား*
ဒေါက် ဒေါက်
"ဆော့ဂျင် အခုချက်ချင်းထွက်ခဲ့စမ်း!!"
ဒေါက် ဒေါက် ဒေါက်
"ကင်ဆော့ဂျင့် မောင့်ကိုအခုချက်ချင်းထွက်တွေ့စမ်း!!!"
တံခါးကိုအဆက်မပျက် ထုရိုက်ပြီး အကိုလေးအခန်းရှေ့မှာ သောင်းကျန်းနေတဲ့သခင်လေးက အကိုလေးနဲ့ပတ်သက်ပြီးတစ်ခုခုကို
မကျေမနပ်ဖြစ်နေပုံရသည်။ဒီညတော့ သခင်လေးနဲ့အကိုလေးပြသနာဖြစ်ဉီးမယ်ထင်တယ်။ချလောက်!
"ဆော့ဂျင်"
"ဂျောင်ကု ပြန်ရောက်နေတာကြာပြီလ..အွန့်"
ရုတ်တရက်ဖက်လိုက်တဲ့ ဂျောင်ကုကြောင့် ဆော့ဂျင်မှာစကားတောင်မဆုံးနိုင်။ ဒီနေ့ အလုပ်နောက်ကျတာကြောင့် အခုမှရေမိုးချိုး အဝတ်အစားလဲပြီး ထွက်လာရုံရှိသေး အခန်းတံခါးကိုအဆက်မပျက်ခေါက်နေတာကြောင့် ဘယ်သူများလဲလို့ဖွင့်ကြည့်လိုက်တော့ ဂျောင်ကုဖြစ်နေသည်။ မနက်မှပြန်လာမယ်ဆိုပြီးဘယ်လိုဖြစ်လို့ ညကြီးသန်းခေါင်အချိန်မတော်ကြီးပြန်လာရတာလဲ။ မျက်နှာကြည့်လိုက်တော့လည်း မျက်ခုံးတွေကတွန့်ချိုးထားလိုက်တာ တော်တော်စိတ်တိုလာတဲ့ပုံ...ဂျောင်ကုကိုပုံမှန်အချိန်တွေတောင် ရှိန်နေကြတာ ဒီလိုအချိန်သာ တခြားလူတွေတွေ့သွားရင် တော်တော်ကြောက်ကြမှာပဲ။ ဒါတွေခဏထားပါ အရှေ့ကဆိုင်သူကြီးက ဘာတွေဒီလောက်တောင်အလိုအကျဖြစ်နေပြန်တာလဲ။
.
.
.
.
.
ကနုတ်ပန်းများဖြင့်အလှဆင်ထားသော ဆိုဖာကြီးပေါ်တွင် ထိုင်နေသောမောင်သည် မျက်ခုံးများတွန့်ချိုးလျက် ကျွန်တော့်ကိုစိုက်ကြည့်နေလေသည်။ ကျွန်တော်မောင့်ကိုမသိချင်ယောင်ဆောင်ပြီး မောင်သောက်ဖို့ဆေးပြင်ပေးနေလိုက်သည်။
YOU ARE READING
နှစ်နှစ်ကာကာ (completed)