အပြင်မှာရာသီဉတုက အနည်းငယ်အုံ့မှိုင်းနေသည်။ ဆောင်းလေအေးရဲ့ တိုက်ခတ်မှုကြောင့် ပြတင်းပေါက်မှခန်းစီးစလေးများက လေအဝှေ့တွင်လူးလွန့်သွားသည်။ ကျယ်ဝန်းတဲ့ အိပ်ခန်းဆောင်ထဲက နက်စွေးစွေးကုတင်ကြီးပေါ်တွင် ကုတင်ကိုကျောမှီကာထိုင်နေတဲ့ အမျိုးသားငယ်ကတော့ ညှိုးရော်ရော်မျက်ဝန်းတွေနဲ့ သစ်ပင်များကြားမှလှမ်းမြင်နေရသော အိမ်တော်အဝင်လမ်းကိုသာ မျှော်တလင့်လင့်ငေးမောနေလေသည်။
"ဂျောင်ကု ဆန်ပြုတ်သောက်ရအောင် "
ဆန်ပြုတ်ဗန်းကိုကိုင်ကာ အခန်းထဲဝင်လာတဲ့ထယ်ယောင်းက အပြင်ကိုငေးနေတဲ့ ဂျောင်ကုကိုအသံပေးရင်း ကျွန်းတံခါးကြီးကို အသာတွန်းပိတ်လိုက်သည်။
ခေါက်စားပွဲလေးကို ဂျောင်ကု ရှေ့မျက်နှာချင်းဆိုင်ချပေးပြီး ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ်သို့ တင်ပေးလိုက်တော့ အပြင်ကိုပဲ ကြည့်နေတဲ့ဂျောင်ကုက
"..ကျွန်တော် မစားချင်ဘူး ~ ~ Hyung ~~~"
ဘေးစောင်းမြင်နေရတဲ့ ဂျောင်ကုမျက်နှာလေးက ဒီတစ်ရက်လေးမှာပဲချောင်ကျသွားလိုက်တာ......
"မစားလို့မရဘူးလေ... မနေ့ညတည်းက ဘာမှ မစားရသေးဘူးမဟုတ်လား....."
"......"
"... နဲနဲလောက်စားလိုက်ပါ ဂျောင်ကုလေးရယ် ~~~~~ Hyung သေချာပြုတ်ထားတာပါ ~~~ အရသာရှိပါတယ် ~~~ စားပြီးမှဆေးသောက်လို့ရမှာ ~~~ အကိုဆော့ဂျင်က ဂျောင်ကုလေးကိုအစားကျွေးပြီးရင် ဆေးသေချာတိုက်ဖို့ Hyung ကိုမှာခဲ့တယ်~~~~~~"
အကိုဆော့ဂျင်ဆိုတဲ့အသံကြားတော့ မျက်လုံးဝိုင်းလေးထဲတွင် မျက်ရည်တွေပြည့်လာပြီး ငိုမဲ့မဲ့ အသံလေးဖြင့်
"~~ ကို ကို က ~~ကျွန် တော့် ကို~~မ ချစ်တော့ ဘူး ထင်ပါတယ် ~~ Hyung ရယ်~~~~"
ငိုချင်စိတ်ကို ထိန်းနေရတဲ့ ညီဖြစ်သူရဲ့ တုန်ယင်နေတဲ့အသံတိုးတိုးလေးကို ကြားရတာနဲ့တင် ထယ်ယောင်းစိတ်မကောင်းဖြစ်မိပါသည်။
သွေးကြီးတဲ့ဂျွန်မျိုးရိုးရဲ့ အဆင့်အတန်းဂုဏ်မောက်မှုနဲ့ တည်ကြည်ပြတ်သားမှုကို အမွေဆက်ခံထားတဲ့ဂျောင်ကုဟာ အကိုနဲ့ပတ်သက်ရင် သိပ်ကို စိတ်အားငယ်လွန်းသည်။
YOU ARE READING
နှစ်နှစ်ကာကာ (completed)