pt.15

1.4K 156 23
                                    

ကုစံအိမ်တော်ကနေ ထွက်လာတာ တစ်ပတ်ရှိသွားပြီ......

စံအိမ်တော်ကထွက်လာပြီးတည်းက ဆေးရုံနဲ့နီးတဲ့ လုံးချင်းအိမ်လေးတစ်ခုတွင် ငှားနေသည်။ တစ်ယောက်တည်းဆိုပေမယ့် အိမ်ငှားခက ဆော့ဂျင်တက်နိုင်တဲ့အနေအထားဖြစ်လို့ ခြောက်လစာချုပ် ချုပ်လိုက်သည်။

ဒီလိုအိမ်မျိုးလေးဆော့ဂျင်အစတည်းကနေချင်ခဲ့တာ....

ကုစံအိမ်လို တစ်ခန်းတစ်နားကြီးမဟုတ်ပေမယ့် အတော်အသင့်ကျယ်တဲ့ ခြံဝန်းလေးထဲကမြက်ခင်းပြင်စိမ်းစိမ်းလေးရယ်...စီစီရီရီချထားတဲ့ပန်းအိုးလေးတွေရယ်....လူတစ်ရပ်ကျော်ကျော်လောက်မြင့်တဲ့ ခိုင်ခိုင်ခန့်ခန့်ခြံစည်းရိုးနဲ့ ခြံတံခါးရယ်.....ခြံဝနဲ့အိမ်ကိုဆက်သွယ်ထားတဲ့ ကျောက်စရစ်လမ်းသွယ်လေးရယ်.....

ဆော့ဂျင်အမြဲတမ်းစိတ်ကူးယဉ်ခဲ့တာ တစ်ယောက်တည်းနေဖြစ်ရင် ဒီလိုအိမ်နဲ့ခြံမျိုးလေး ဝယ်နေမယ်လို့...

အခုတော့တကယ်နေရပြီ....

ကံကောင်းတယ်ပဲ ​ပြောရမလား အိမ်ပိုင်ရှင်တွေက နိုင်ငံခြားလူမျိုးတွေဖြစ်လို့ ဒီအိမ်ကိုဆောက်ပြီးထဲက မနေဖြစ်ပဲ အလုပ်ကိစ္စနဲ့နိုင်ငံခြားပြန်သွားရသည်တဲ့လေ..

ဒါကြောင့် သူတို့အိမ်လေးကို ယုံကြည်ရတဲ့အိမ်နီးချင်းဆရာဝန်တစ်ယောက်လက်ထဲ အပ်ခဲ့တာ...

ထိုဆရာဝန်က ဆော့ဂျင်အသိဆိုတော့ ဒီအိမ်မှာနေဖို့ အိမ်ပိုင်ရှင်တွေကိုလှမ်းအကြောင်းကြားရင်း နေဖြစ်သွားတာပေါ့....

ဆေးရုံနဲ့အိမ်က ဆယ်ငါးမိနှစ်လောက်ကားမောင်းသွားရင်ရောက်တာမို့ အရင်လိုအစောကြီးထစရာမလိုပါ။ မနက်စာကလည်းတစ်ယောက်တည်းဆိုတော့ အရင်လိုဖွယ်ဖွယ်ရာရာပြင်ဆင်စရာမလို နွားနို့တစ်ခွက်နဲ့ပေါင်မုန့်ရှိရင်ရပြီ။

တစ်ခါတစ်လေတော့ ကုစံအိမ်ကိုသတိရသလိုရှိပေမယ့် ပြန်မသွားချင်တော့ပါ။ ငယ်ငယ်တည်းကနေလာခဲ့တာမို့လို့ သံ​ယောစဉ်ရှိပေမယ့် ယူဟန်နီ ဖွင့်ပြခဲ့တဲ့ vedioထဲက ဂျောင်ကုပြောခဲ့တဲ့ စကားတွေကိုပြန်ကြားယောင်မိရင်စိတ်မကောင်းဖြစ်သလို စိတ်လည်းဆိုးမိတယ်။ ဘယ်လိုပဲမူးနေတယ်
​ပြောပြော သူစိတ်ထဲမှာမရှိရင်အဲ့စကားတွေထွက်လာစရာအကြောင်းမရှိဘူးလေ။ ပြီတော့အဲ့မိန်းမနဲ့ဖြစ်ချင်တိုင်းဖြစ်နေမည့် ဂျောင်ကုပုံရိပ်တွေကို တွေးမိရင် ဂျောင်ကုကိုမုန်းပစ်ချင်လောက်အောင်စိတ်နာမိသည်။

နှစ်နှစ်ကာကာ (completed)Where stories live. Discover now