pt.6

1.7K 172 7
                                    

နိုးထလာတဲ့မနက်ခင်းတွေထဲမှာ ဒီနေ့မနက်ခင်းကမောင့်ဘဝရဲ့အလှပဆုံးနဲ့ရင်အခုန်ဆုံး။ ဘာလို့ဆို မောင်မျက်လုံးဖွင့်လိုက်တာနဲ့မောင့်ကိုကို ကိုမြင်နေရတယ်လေ။ မနက်ခင်းနေခြည်နုနုကနွေးပါတယ်။ ဒါမယ့်ညကအိပ်စက်ခဲ့ရတဲ့ ကိုကို့ရင်ခွင်ကပိုနွေးတယ်။

အိပ်ပျော်နေတဲ့ ကိုကို့ပါးကလေးကိုနမ်းမိတော့ နွေဉီးမှာပွင့်တဲ့ကံ့ကော်လို မွှေးမွှေးအီအီလေး၊

မျက်ခွံလေးကိုထိကြည့်တော့ မိုးဉီးမှာပွင့်တဲ့စံပယ်လို ​ဖြူဖြူနုနုလေး၊

နှုတ်ခမ်းလေးကိုလက်ရွယ်မိတော့ ဆောင်းဉီးမှပွင့်တဲ့ဂေါ်သဇင်လို နန်းထိုက်ပန်းမဏ္ကိုက်လေး။

တကယ်ဆိုကိုကိုဟာ မောင့်ရဲ့တစ်ဉီးပိုင်တော်ဝင်သဇင်..

မောင်ကလွဲမည်သူမှ ခူးခွင့်မရှိပါ။

မောင်ကလွဲမည်သူနှင့်မှ မထိုက်တန်ပါ။
.
.
.
.
.
.
.
.
.
.

ကိုကို့မျက်ခွံလေးများ လှုပ်ရှားလာတော့ မောင်အိပ်ချင်ယောင်ဆောင်လိုက်သည်။

*မောင်ကဗျာဆန်တတ်တာ ကိုကိုသိလို့မဖြစ်ပါ။ တော်ကြာမောင်ကဗျာဆန်နေတာ ကိုကိုသိသွားလို့ မောင့်ကိုလှောင်ရင် မောင့်သိက္ခာကျရချေရဲ့။ *

ကျွန်​တော်အိပ်ယာနိုးတာနဲ့ ဘေးကိုကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့မောင်။ မောင့်နဖူးပေါ်လက်တင်ရင်း ကိုယ်ပူမပူစမ်းလိုက်သည်။ ကိုယ်သိပ်မပူ​တော့တာ​​​မို့ အိပ်နေတဲ့မောင့်ကို စောင်ထပ်ခြုံပေးရင်း ရေချိုးခန်းထဲသို့ဝင်၍ သွားတိုက်တံ၊သွားတိုက်ဆေးအားလုံးအဆင်သင့်လုပ်ပေးပြီးမှ ကိုယ့်အခန်းကိုပြန်ပြီး ရေချိုးခန်းထဲဝင်၍တစ်ကိုယ်ရည်သန့်ရှင်းရေးအမှုကို လုပ်ဆောင်လိုက်သည်။ ရေမိုးချိုးပြီး အိမ်နေရင်းအဝတ်အစားလဲကာ ဆံပင်ကိုရေစင်အောင်သုတ်ပြီးသည့်နှင့် မောင်အတွက်ဆန်ပြုတ်နှင့်ကျွန်တော့အတွက်တစ်ခုခုလုပ်ရန်အောက်ထပ်သို့ဆင်းလာခဲ့သည်။

ဒုန်းးးးး!

အား!

မနက်စာပြင်တုန်း တစ်ခုခုကိုဝင်တိုက်သံနှင့်အတူ ကြားလိုက်ရသည့် မောင်အသံ..

နှစ်နှစ်ကာကာ (completed)Where stories live. Discover now