"မောင်ပြောသားပဲ မပြန်ပါနဲ့ဆို..."
ရှေ့တည့်တည့်က ပြုံးစိစိနဲ့လက်ပိုက်ကြည့်နေတဲ့ ဂျောင်ကုကို မမြင်ချင်ယောင်ဆောင်လိုက်သည်။
ဂျောင်ကုစကားနားမထောင်ပဲ စံအိမ်ကပြန်အထွက် ခြံဝန်းတံခါးနားရောက်တော့မှ အန်ကယ့်ဆီကဖုန်းလာသည်။
အန်ကယ်ဒီညနေ ကုစံအိမ်ကိုလာမယ်တဲ့လေ...
ဒါကြောင့်ကုစံအိမ်ဘက်ပြန်လှည့်လာတာ...
တော်ကြာကျွန်တော် ကုစံအိမ်မှာ မနေရတဲ့အကြောင်းကို အန်ကယ်သိသွားရင် ဂျောင်ကုကိုဒေါသထွက်ပြီး တစ်ခုခုလုပ်မှာဆိုးတာကြောင့်...
ကျွန်တော့ကြောင့် ဘယ်သူကိုမှ မထိခိုက်စေချင်တာပါ...
ဆော့ဂျင် ဂျောင်ကုကိုမကြည်ကြည့် ကြည့်ရင်း
"အန်ကယ်လာမယ်ဆိုလို့ပြန်လာတာ..လာချင်လွန်းလို့မထင်နဲ့.."
"မထင်ပါဘူးဗျာ..ကဲ လာ မောင့်ကိုအိတ်ပေး.."
အိတ်ကိုယူဖို့လှမ်းနေတဲ့ ဂျောင်ကုလက်က ရည်နွေးပူလောင်ထားတဲ့အရှိန်ကြောင့် ခက်ရဲရဲဖြစ်နေသည်။
"နေ! ရတယ် ငါ့ဘာသာသယ်မယ်.."
ပြောပြီးတာနဲ့ ဂျောင်ကုကိုကျော်ပြီး အိမ်ထဲဝင်လိုက်သည်။
ပြီးနောက် ကျွန်တော့အခန်းရှိသည့် လှေကားညာဘက်အခြမ်းကနေတက်ဖို့လုပ်တော့
"အဲ့ဘက်မဟုတ်ဘူး!.."
ဂျောင်ကုအသံကြောင့် နောက်လှည့်ကြည့်လိုက်သည်။
"ဒီဘက်.."
သူ့အခန်းရှိရာဘက်ကိုလက်ညိုးညွှန်ပြသည်။
"ငါ့အခန်းက ဒီဘက်လေ.."
နားမလည်သလိုပြောမိတော့ ဂျောင်ကုက အနားကိုဖြည်းဖြည်းလျှောက်လာရင်း
"ကိုကိုက မောင်နဲ့အတူနေရမှာလေ.."
"ဘာဆိုင်လိူ့လဲ.."
"ဖေဖေလာမယ်ဆိုရင် ကိုကို့အခန်းမှာဖေဖေ့ကိုနေခိုင်းပြီး ကိုကိုကမောင်နဲ့လာနေမှရမှာ..မောင်တို့အိမ်မှာ အိပ်ခန်းအပိုမရှိဘူးလေ.."
YOU ARE READING
နှစ်နှစ်ကာကာ (completed)