pt.5

1.8K 186 17
                                    

"အာ့!!! "

ဆော့ဂျင်ကားတံခါးဆွဲဖွင့်ဖို့လုပ်နေတဲ့ အချိန်မှာပဲ မောင့်အသံကြားလို့လှည့်ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်တွင်ဒူးတစ်ဖက်ထောက်ကာ လက်တစ်ဖက်ကရင်ဘက်ကိုဖိပြီးမျက်မှောင်ကျုံ့ထားသည့်မောင်ကတစ်ခုခုကို မချိမဆန့်ခံစားနေရပုံပေါ်တာကြောင့် ကားသော့ကိုပစ်ချပြီးမောင့်ဆီကို ပြေးသွားလိုက်သည်။ ဒူးထောက်ကျနေသည့်မောင့်ကို ပုခုံးကနေဖက်ပြီး မောင့်နာမည်ခေါ်လိုက်တော့ မောင်ကမော့​ကြည့်​​ပေမဲ့ပြန်တောင်မထူးနိုင်ဘဲ ကျွန်တော်လက်ပေါ်မှာတင်မေ့လဲသွားလေသည်။ နဖူးကိုစမ်းကြည့်လိုက်တော့ ကိုယ်တွေကလည်းပူကျစ်နေသည်။

"အထိန်းတော်ကြီး!!!!ကျွန်တော့်ဆီမြန်မြန်လာဉီး!!!ဒီမှာ ဂျောင်ကုမေ့လဲသွားလို့!!"

မောင့်ကိုထူဖို့လုပ်တော့ တစ်ယောက်တည်းမနိုင်တာကြောင့် ပန်းပင်ရေလောင်းနေတဲ့အထိန်းတော်ကြီးကိုလှမ်းပြီးအကူအညီတောင်းရသည်။ အထိန်းတော်ကြီးနှင့်အတူမောင့်ကိုဂျိုင်းက​နေ တစ်ယောက်တစ်ဖက်မပြီးအပေါ်ထက်ကမောင့်အခန်းထဲထိ သယ်သွားလိုက်သည်။ ပြီးနောက်ကုတင်ပေါ်တင်သေချာနေရာချပေးပြီး

"အထိန်းတော်ကြီး! သမားတော်ကင်မ်ကိုခုချက်ချင်းဖုန်းသွားဆက်ပါ။ ဂျောင်ကု မေ့လဲသွားလို့အမြန်ဆုံးလာခဲ့ဖို့ပါသေချာပြောလိုက်ပါ။"

"ဟုတ်ကဲ့ပါအကိုလေး!"

အထိန်းတော်ကြီးအခန်းထဲက ထွက်သွားတော့ ချွေးတွေရွဲနေတဲ့ ဂျောင်ကုအက်ျီကိုချွတ်ပေးပြီး ဗီဒိုထဲကရှပ်အဖြူတစ်ထည်ယူကာ လဲပေးထားလိုက်သည်။ စောင်ကိုရင်ဘက်နားထိဆွဲခြုံပေးရင်း မောင့်လက်နှစ်ဖက်ကိုစောင်အောက်က ဆွဲထုတ်ဖို့လုပ်တော့ လက်ညိုးထိပ်က သွေးစို့နေသည့်ဒဏ်ရာလေးကိုတွေ့လိုက်ရသည်။ ဒါကြောင့်အမြဲဆောင့်ထားလေ့ရှိတဲ့ ဆေးပလာစတာတစ်ခုကိုခွာပြီး မောင့်လက်မှာကပ်ပေးထားလိုက်သည်။ ထို့နောက်မောင့်လက်လေးနှစ်ဖက်ကိုခက်ဖွဖွဆုပ်ကိုင်ပြီး

"မောင်ရေ..ကိုကို မသိအောင်ဘာတွေလုပ်ထားတာလဲကွာ..."

မနေ့ညထဲက မောင့်ကိုပစ်ထားမိတာ...ပွင့်ပွင့်လင်းလင်းမေးလိုက်ချင်ပေမဲ့ တကယ်များဖြစ်နေရင်ဆိုတဲ့စိတ်နဲ့ မလုံမလဲဖြစ်ပြီး မောင့်ကိုစကားမပြောဘဲနေခဲ့တာ...စိတ်ထဲတနုံ့နုံ့နဲ့မို့ ကောင်းကောင်းအိပ်မပျော်တာကြောင့် မနက်အစောကြီးမောင်မနက်စာထပြင်တာလည်းသိပါသည်။ မနက်စာစားတော့လည်း မောင့်ကိုမသိချင်ယောင်ဆောင်ပြီး မောင်ထည့်ပေးတဲ့ထမင်းနဲ့ဟင်းကိုတောင်မစားဘဲနေခဲ့တာ...ဘာမှမသိသလိုမျက်နှာထားနဲ့ကျွန်တော်ကိုစကားလာပြောတဲ့မောင့်ကို ဒီလောက်တောင်မသိချင်ယောင်ဆောင်ရကောင်းလား ဆိုတဲ့စိတ်နဲ့ လျစ်လျူရှုပြီး ဟိုဓာတ်ပုံတွေပါတဲ့စာအိတ်ကိုပဲထိုးပေးခဲ့တာ...

နှစ်နှစ်ကာကာ (completed)Where stories live. Discover now