နုံးချိနေတဲ့ ခန္ဓာကိုယ်ကို အိပ်ယာပေါ် ပြစ်လှဲရင်း ဝေဒနာတွေ သက်သာလိုသက်သာငြား အမောဖြေနေမိသည်။
အဝင်ကောတွေ ရဲရဲတောက်နေတဲ့ ဖုန်းကို အိပ်ယာဘေးတစ်နေရာကို ပစ်ချရင်း မျက်လုံးတွေ မှိတ်ထားလိုက်သည်။
လူတွေနဲ့ ဝေးရာဆီ ထွက်ပြေးချင်တဲ့စိတ်သည် အစိုးမရ။
ကုစံအိမ်တော်သို့သွားဖို့ရာ ခြေလှမ်းတွေက လေးလံထိုင်းမှိုင်းနေသည်။
အရင်တစ်ခါကလို ဖြစ်ချင်ရာဖြစ်ဆိုပြီး ကုစံအိမ်ကနေ ထွက်သွားလို့မရ။
အိမ်ထောင်ဆိုတဲ့ စည်းကရှိနေပြီလေ။
ဒီအတောအတွင်း ဘာလို့များ ဂျောင်ကုနဲ့လက်ထပ်ဖို့ မြန်မြန်ဆန်ဆန် သဘောတူမိသွားပါလိမ့်။
နောင်တရတာ မဟုတ်ပေမယ့် ပြသာနာတွေအားလုံးကို ဖြေရှင်းပြီးမှ လက်ထပ်ခဲ့သင့်တာမဟုတ်လား။
အခုတော့ ကျွန်တော့ကြောင့် အားလုံးပြသာနာ တက်ကုန်တော့မယ်။
ကျွန်တော်သာ အချိန်ဆွဲထားပြီး ပြသာနာအားလုံးကို ဖြေရှင်းနိုင်ခဲ့ရင် ယူဟန်နီကိုလည်း ဒုက္ခရောက်စေမိမှာ မဟုတ်သလို ဂျောင်ကုကိုလည်း အပြစ်ဖြစ်စေမိမှာမဟုတ်။
နှဖူးပေါ်လက်တင်ရင်း ကိုယ့်ကိုကို အပြစ်တင်နေတဲ့ ကောင်လေးသည် ဖုန်းခေါ်ဆိုသံကြောင့် တွန့်ခနဲ လန့်သွားသည်။
'ဂျောင်ကု'
ဖုန်းကိုအသံပိတ်ကာ အိပ်ယာပေါ်ပစ်ချလိုက်သည်။
ဒေါသထွက်တာလား မခံမရပ်နိုင်ဖြစ်တာလား မုန်းတီးတာလား ဘာမှမသိတဲ့ခံစားချက်ကြီးကို မချိမဆန့်ခံစားနေရသည်။
ဂျောင်ကု ကျွန်တော့ကို ဘာတွေဖုံးကွယ်ထားလဲ ကျွန်တော့နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲ ....
ဟူးးး..
ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်တော့ စံအိမ်ကိုပြန်ရမယ်။
ဂျောင်ကုနဲ့ မျက်နှာချင်းမဆိုင်ချင်ရင်တောင် ဖေဖေရှိသေးတယ်မဟုတ်လား။
အဝတ်အစားတစ်ချို့ကို အိတ်ထဲထုပ်ပိုးပြီး စံအိမ်တော်ဘက် ပြန်လာခဲ့သည်။
YOU ARE READING
နှစ်နှစ်ကာကာ (completed)