ထယ်ယောင်းစာကြည့်ခန်းထဲမှာ စာရင်းတစ်ချို့ပြင်ဆင်နေစဉ် အိမ်ရှေ့ဆင်ဝင်အောက်က ကားစက်သပ်သံကြားလိုက်ရသည်။လုပ်လက်စစာရင်းတစ်ချို့ကိုပစ်ချရင်း အိမ်ရှေ့ထွက်လာခဲ့တော့ အကို့မျက်နှာ သွယ်သွယ်လေးက အနည်းငယ်ညိုးနွမ်းနေသယောင်.....
ဝတ်ထားတဲ့ ရှပ်အဖြူလေးကိုအပေါ်ကြယ်သီးနှစ်လုံးလောက်ဖြုတ်ရင်း ဆိုဖာပေါ်နောက်မှီကာ အမောဖြေနေလေသည်။
"ပင်ပန်းနေပြီလား....အကိုရဲ့..."
ကျွန်တော့်အသံကြားတော့ မှိတ်ထားတဲ့မျက်လုံးလေးကိုအသာဖွင့်ရင်း ခပ်လျှောလျှောမှီထိုင်ထားတဲ့ အနေအထားကိုပုံမှန်အနေအထားသို့ပြောင်း၍ စိတ်ဖြေအပြုံးလေးပြုံးကာ
"အင်း~~ ကိုယ်နှစ်သက်တဲ့အလုပ်ပေမယ့်တစ်ခါတစ်လေတော့လည်း ပင်ပန်းသလိုလိုတော့ရှိသား ယောင်းငယ်ရဲ့...."
"ဒီလိုပါပဲ အကိုရယ်...ဂျောင်ကုကတော့ အကို့ကိုစောင့်ရင်း စောနလေးတင် အိပ်ပျော်သွားတယ်..."
"သူအဆင်ပြေရဲ့လား....."
"အကို့ကိုမေးနေတာကလွဲရင် ကျန်တာအကုန်အဆင်ပြေပါတယ်...."
ထိုအခါ အကိုက ကျွန်တော့ကိုကြည့်နေရာမှအကြည့်လွဲဲပီး သက်ပြင်းတစ်ချက်ချလိုက်သည်။
အကို့မျက်ဝန်းတွေက တစ်ခုခုကိုဆုံးဖြတ်ရခက်နေဟန်။ နောက်တော့ ကောက်ကာငင်ကာ ဆိုဖာပေါ်ကဆက်ကနဲထပြီး
"အကိုသွားကြည့်လိုက်ဉီးမယ်....."
ထွက်သွားတဲ့ အကို့ကျောပြင်ကိုကြည့်ရင်း ကျန်ခဲ့တဲ့ ထယ်ယောင်းမှာတော့ ခေါင်းတစ်ရမ်းရမ်းဖြင့်.....
~~~~~~
ဂျောင်ကုတစ်ယောက် အိပ်မပျော်နိုးတဝက်ဖြင့် အိမ်ရှေ့က ကိုကိုကားစက်သံကြားတော့ ငုတ်တုတ်ထထိုင်မိသည်အထိ။
သူ့ဆီတော်တော်နှင့်ရောက်မလာတဲ့ ကိုကို့ကြောင့် အောက်ဆင်းရန်ပြင်လိုက်သည်။
ကုတင်ပေါ်မှ ခြေထောက်ချရုံရှိသေး တံခါးကြားမှမြင်လိုက်ရတဲ့ ဖြူလွလွအရိပ်လေးကြောင့် အိပ်ယာပေါ်ပြန်လှဲရင်းစောင်ကို ရင်ဘက်နားထိဆွဲခြုံ၍ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
YOU ARE READING
နှစ်နှစ်ကာကာ (completed)