pt 35

1.2K 145 24
                                    

coma လူနာများထားရာ အပေါ်ထပ်ကနေ ဓာတ်လှေကားစီးပြီး အောက်ထပ်ပြန်ဆင်းလာခဲ့သည်။

ဂျောင်ကုရှိရာအထပ်ကို ရောက်၍ တံခါးဖွင့်လိုက်တော့ တစ်ဖက်ခြမ်းက ဓာတ်လှေကားရှေ့တွင် ရပ်စောင့်နေသော နမ်ဂျွန်နှင့်တွေ့သည်။

"ဟင်..နမ်ဂျွန်..မင်း ဂျောင်ကုကို တစ်ယောက်တည်း ထားခဲ့တာလား.."

"အော် ဆော့ဂျင်..ငါ အလှူရှင်တစ်ယောက်ပေါ်လာလို့ သွားကြည့်မလို့.. ဂျောင်ကုကို ထယ်ယောင်းနဲ့ထားခဲ့တယ်.."

"ယောင်းငယ်ရောက်နေတာလား.."

" အေး .."

ထိုအချိန်မှာပဲ ဓာတ်လှေကားက ပွင့်လာသည်။

"ငါသွားပြီနော်.."

လက်ပြနှုတ်ဆက်ကာ ဓာတ်လှေကားထဲဝင်သွားတဲ့နမ်ဂျွန်ကို ကျွန်တော်လည်း ပြန်နှုတ်ဆက်လိုက်သည်။

ဂျောင်ကုကိုက်ညီတဲ့ အလှူရှင်ဖြစ်ပါစေ..

စိတ်ထဲမှ ဆုတောင်းရင်း ဂျောင်ကုရှိရာအခန်းဘက်သို့ လျှောက်လာခဲ့သည်။
.
.
.
.

တံခါးဖွင့်လိုက်သည်နှင့် နောက်မှီကို အနည်းငယ်မြှင့်ထားသည့် လူနာကုတင်ပေါ်တွင် ဂျောင်ကုက ခက်လျှောလျှောလေးလှဲနေပြီး ယောင်းငယ်ကတော့ လူနာကုတင်ဘေးက ခုံတွင်ထိုင်နေသည်။

အခန်းတံခါးကို ဖြည်းညင်းစွာ ပြန်ပိတ်ပြီးနောက် ယောင်းငယ်ကိုပြုံးပြရင်း..

"ရောက်နေတာကြာပြီလား ယောင်းငယ်.."

"မကြာသေးပါဘူး hyung.. အခုလေးတင်ပါပဲ.."

ယောင်းငယ်နှင့်စကားပြောရင်း ဂျောင်ကုအနားကို သွားရပ်ကာ နှဖူးလေးကို ခက်ဖွဖွနမ်းလိုက်သည်။

ကျွန်တော်ဝင်လာကတည်းက အိပ်ယာနိုးခါစလို မျက်လုံးမှေးမှေးလေးတွေနဲ့ လိုက်ကြည့်နေတဲ့ ဂျောင်ကုက သူ့နှာဖူးလေးကိုနမ်းလိုက်တော့လည်း ပြုံးပြုံးလေးနဲ့ ငြိမ်ခံသည်။

ဒီအနမ်းက တောင်းပန်တဲ့သဘော မြတ်နိုးတဲ့သဘော ဒုတိယအကြိမ်အနေနဲ့ အပြစ်အားလုံးကို ဝန်ခံတဲ့သဘော..

သဘောတကျပြုံးနေတဲ့ ဂျောင်ကုမျက်နှာဖြူဖျော့ဖျော့လေးဟာ သနားဂရုဏာသက်ဖွယ် ကြည့်မဝနိုင်သည့်မျက်နှာလေး..

နှစ်နှစ်ကာကာ (completed)Where stories live. Discover now