pt 18

1.4K 162 17
                                    


"ဆော့ဂျင် မင်းဆီဂျောင်ကုလာသေးလား.."

"မလာပါဘူး..ဘာဖြစ်လို့လဲ.."

"ဟိုတစ်နေ့က ငါအပြင်သွားတော့ ထယ်ယောင်းနဲ့တွေ့သေးတယ်..အဲ့တာ ထယ်ယောင်းနဲ့စကားပြောရင်း..မင်းတို့ကိစ္စရောက်သွားတော့ ထယ်ယောင်းကပြောတယ်..ဂျောင်ကုအခုတလော အလုပ်မလာဘူးတဲ့ အိမ်မှာမနေဘဲ အပြင်ချည်းဘဲထွက်နေတယ်ပြောတယ်..အဲ့ဒါငါတောင် မင်းဆီသွားနေတာနေမှာပေါ့လို့ ပြောလိုက်သေးတယ်..အင်းး မင်းဆီကို ဂျောင်ကုတစ်ရက်မှ မလာဘူးလား.."

နမ်ဂျွန်စကားကြောင့် ဆော့ဂျင်တစ်ချက်စဉ်းစားမိသည်။

ဟိုတစ်နေ့က ဂျောင်ကုကိုနှင်ထုတ်လိုက်တဲ့ နေ့ကစပြီး ဆော့ဂျင်အိမ်နားကို ဂျောင်ကုမလာတော့တာ..

တစ်ခါတစ်လေ တွေ့များတွေ့မလားလို့ အိပ်ခန်းပြတင်းပေါက်ကနေ ကွယ်ပြီးကြည့်ပေမယ့် တကယ်ကို ဂျောင်ကုရဲ့အရိပ်အယောင်ကိုတောင် မတွေ့ရပေ..

ကိုယ့်ဘာသာကိုယ် မေ့မေ့ပျောက်ပျောက်နေနေပေမယ့် အခုနမ်ဂျွန်ပြောတော့မှ အနည်းငယ်စိတ်ပူလာသလို..

"အရင်ရက်တွေကတော့ အိမ်နားမှာတွေ့တယ်..အခုရက်ပိုင်းတော့မတွေ့မိဘူး.."

"ဟုတ်လား မင်းနဲ့တွေ့တော့ စကားဘာညာပြောဖြစ်သေးလား.."

"မ မပြောဖြစ်ပါဘူး သူနဲ့ငါနဲ့ကပြောစရာ ဘာအကြောင်းရှိလိူ့လဲ.."

ဆော့ဂျင် ရုပ်တည်တည်နှင့်ညာလိုက်သည်။ စကားပြောဖြစ်တယ်လို့ပြောရင် နမ်ဂျွန်ပေရှည်နေမှာလေ..

"ဟ ရှိတာပေါ့ကွ"

"ဘာရှိတာလဲ ငါ့မှာသူနဲ့ပတ်သက်ပြီး ဘာမှကိုပြောစရာမရှိတာ.."

"မင်းမှာမရှိပေမယ့် ဂျောင်ကုမှာတော့ ရှိနိုင်တယ်လေ.. "

"အဲ့တာငါမှမသိတာ.. "

"ဘယ်သိမလဲ မင်းကမသိချင်ယောင်ဆောင်နေတာကို.."

ဆော့ဂျင်ဘာမှပြန်မပြောနိုင်ခင်မှာပဲ နမ်ဂျွန်ကဆက်၍

"ဆော့ဂျင် မင်းဂျောင်ကုကို ဘာကြောင့်ဒီလောက်ထိ ခါးခါးသီးသီးဖြစ်သွားလဲတော့ မသိပေမယ့် အမှန်အတိုင်းပြောရရင် မင်းပြောသလို ဂျောင်ကုကတခြားမိန်းမတစ်ယောက်နဲ့ အတူအိပ်ခဲ့တယ်ဆိုတာကို ငါဘယ်လိုမှ မယုံကြည်ဘူး.."

နှစ်နှစ်ကာကာ (completed)Where stories live. Discover now