"ကိုကို တောင်းပန်ပါတယ် မောင်ရယ်~"
ဆော့ဂျင်ကိုင်ထားသော ဂျောင်ကုလက်လေးမှာ သူ့လက်ဖဝါးထဲရောက်နေတဲ့ ဆော့ဂျင်လက်ချောင်းဖျားလေးတွေကို ပိုမိုတင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်လာသည်။
ဂျောင်ကုမျက်ဝန်းထဲ ဝေ့လည်နေသော မျက်ရည်ဉများမှာ မျက်လုံးထောင့်မှတစ်ဆင့် နားထင်စပ်သို့ စီးကျသွားသည်။
ဆော့ဂျင်မှာ ဂျောင်ကုမျက်ရည်စများကို လက်ချောင်းများဖြင့် ဖွဖွထိကာ သုတ်ပေးရင်း..
"မငိုပါနဲ့ကွာ..ကိုကိုမှားတာပါ..မင်းအပေါ်အပြစ်တွေ အများကြီးလုပ်ခဲ့မိတာ..ကိုကို့တောင်းပန်ပါတယ်.."
ငိုထားသည်ကြောင့် နှာခေါင်းထိပ်များရဲတွတ်ကာ အသက်ကိုပင့်ရှုနေရတဲ့ ဂျောင်ကုက ဆော့ဂျင်ကို ဘာမှမပြောနိုင်..
ကြည့်နေရုံသာတတ်နိုင်သည်..
"ဂျောင်ကု ပင်ပန်းရင်အိပ်တော့လေ..ကိုကိုအနားမှာစောင့်နေမယ်..နော်~"
ပါးပြင်လေးကို ပွတ်သပ်ကာ ပြောတော့ ဂျောင်ကုက ငြိမ်ငြိမ်လေးမှိန်းနေသည်။
"နမ်ဂျွန်..ဂျောင်ကုကို အောက်ဆီဂျင်ပြန်တက်ဖို့လိုသေးလား.."
နမ်ဂျွန်က monitor ပေါ်က pulse rate ကိုကြည့်ရင်း..
"မလိုဘူးဆော့ဂျင်.. သဘာဝလေပဲ ရှူပါစေ.."
"..."
ဂျောင်ကုနဲ့ ဆော့ဂျင်ကို ကြည့်နေတဲ့ နမ်ဂျွန်မှာ ခေါင်းကိုခါရမ်းရင်း သက်ပြင်းကို မသိမသာ ချလိုက်သည်။
"ငါ ဒေါက်တာလီနဲ့သွားတွေ့လိုက်ဉီးမယ် ဆော့ဂျင်.."
အသိပေးလာသည့် နမ်ဂျွန်ကို ခေါင်းညိမ့်ပြလိုက်သည်။
ထို့နောက် နမ်ဂျွန်က တံခါးကိုဖြည်းဖြည်းဖွင့်၍ အခန်းထဲက ထွက်သွားလေသည်။
ဂျောင်ကုကိုကြည့်မိတော့ မျက်လုံးလေးများမှိတ်ကာ အိပ်ပျော်နေသည်။
ဂျောင်ကုလက်ကိုဆုပ်ကိုင်ကာ ကုတင်ပေါ်ခေါင်းလေးမှီရင်း မြင်နေရတဲ့ ဂျောင်ကုမျက်နှာလေးကို ဆွေးဆွေးလေး ကြည့်နေသည့်ဆော့ဂျင်..
YOU ARE READING
နှစ်နှစ်ကာကာ (completed)