pt 40

1.5K 142 17
                                    

ဒီအတောအတွင်း ဆေးရုံဆင်းခွင့် မရသေးပေမယ့် စောင့်ကြည့်ကာလမှာပင် ဂျောင်ကုကျန်းမာရေးအခြေအနေက ပိုမိုတိုးတက်လာခဲ့သည်။

ခန်းဆီးစများကို ဆွဲဖွင့်လိုက်တော့ မနက်ခင်းနေခြည်နုနုက ပြတင်းမှန်မှတဆင့် အခန်းထဲသို့ဖြာကျလာသည်။

မကြာခင်မှာ တာဝန်ကျသူနာပြုလေးတစ်ယောက် လူနာအခြေအနေလာကြည့်တော့မည် ဖြစ်သောကြောင့် နှစ်ခြိုက်စွာအိပ်ပျော်နေသော ဂျောင်ကုကို နိုးရတော့မည်။

အေးအေးချမ်းချမ်း အိပ်ပျော်နေရှာသော ဂျောင်ကုအနားသို့ သွားရင်း နိုးရန်ပြင်တော့ အိပ်မောကျနေသည်မှာ ပါးစပ်လေးပင် အနည်းငယ်ဟနေလေသည်။

"မောင်ရေ..ဂျောင်ကုရေ..ထတော့လေ.."

ပါးလေးကိုပုတ်ကာ အသာလှုပ်နိုးတော့ မျက်ခွံလေးများလှုပ်ရှားကာ အိပ်ချင်မူးတူးရုပ်လေးနဲ့ ကျွန်တော့်ကိုကြည့်သည်။

"ထတော့နော်..လာ..ကိုကိုထူပေးမယ်.."

ကျွန်တော်စကားနားထောင်သော မောင်သည် မျက်လုံးများမှေးစင်းကာ ပြန်အိပ်ရန် ပြင်နေလေသည်။

"ဂျောင်ကုလေး..ပြန်မအိပ်နဲ့တော့လေ..အချိန်မှန်မှန်ထရမယ်လို့ ကိုကိုပြောထားတယ်မလား..ထတော့နော်.."

ချော့မော့ပြောကာ ထူပေးဖို့ပြင်တော့ ခန္ဓာကိုယ်ကိုနဲနဲတောင်မကြွဘဲ ကျွန်တော်လက်ပေါ် အပါးခိုထားသည်။

"အပျင်းမကြီးနဲ့တော့ကွာ..မင်းခန္ဓာကိုယ်ကြီးကို ကိုကိုမနိုင်ဘူးနော်..ဂျောင်ကုရေ.."

အသံကို အနည်းငယ်ဆောင့်ကာ ပြောလိုက်တော့ မောင့်ဆီက ရယ်သံတစ်ချက်ကြားလိုက်ရသည်။

ဆော့ဂျင် ဂျောင်ကုမျက်နှာကိုစူးစမ်းကြည့်မိတော့ အိပ်ချင်ယောင်ဆောင်နေတဲ့ မျက်ခွံလေးတွေက မသိမသာလေးလှုပ်နေပြီး နှုတ်ခမ်းနှစ်လွှာကိုလည်း ရယ်သံမထွက်အောင် ကျိတ်ပြီးစိထားသေးသည်။

"ဂျောင်ကု..ထကွာ..ကိုကို့ကိုမရစ်နဲ့.."

ဂျောင်ကုက နဲနဲမှမလှုပ်..

ကလေးများလို ပေကပ်ကပ်နဲ့..

သဘောကတော့ သူအိပ်နေပါတယ်ပေါ့..

နှစ်နှစ်ကာကာ (completed)Where stories live. Discover now