အချိန်ကာလ ရာသီဉတုတွေ အလီလီအခါခါ ပြောင်းရွှေ့ဖန်များလာတော့ ငါးနှစ်ဆိုသည့်သက်တမ်းမှာ ကုန်လွန်လာခဲ့ပြန်သည်။
ဒီငါးနှစ်အတွင်း လောကဓံအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါသည်။
ကောင်းတဲ့သူတွေက ကောင်းတဲ့လမ်းကို ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းနိုင်ခဲ့ကြသလို..
မကောင်းတဲ့သူတွေကလည်း မကောင်းတဲ့လမ်းအတိုင်း ရောက်ခဲ့ကြတာပါပဲ..
မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို ဉီးနှောက်က လက်ခံနိုင်ခဲ့ပေမယ့် နှလုံးသားကတော့ လက်မခံနိုင်ခဲ့ဘူးလေ..
အထူးသဖြင့် သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပေါ့..
ဘဝအစကနေ အဆုံးအထိ လူတိုင်းအပေါ် ရန်ငြိုးကြီးကြီးနဲ့ ဒုက္ခအမျိုးမျိုးပေးခဲ့တဲ့ ယူရာဟီးက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ တရားမဝင် ကာစီနိုတစ်ခုမှာ အဖမ်းခံခဲ့ရသည်။
အကြောင်းအရင်းကတော့ စိတ်ကြွမူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု လာဘ်စားမှု လုပ်ငန်းငွေကြေးခဝါချမှု တရားမဝင်ရှယ်ယာသုံးစွဲမှု လူသတ်ရန်ကြံစည်မှုတို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံခဲ့ရသည်။
သူ(မ) ပယောဂကြောင့် ချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့ ခံစားချက်တွေက မနေ့တနေ့ကလိုပဲ..
မက်ခဲ့ဖူးတဲ့အိမ်မက်..ယဉ်ခဲ့မိတဲ့ စိတ်ကူးတွေက မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြိုကျပျက်ဆီးခဲ့ရတာ..
အဲ့နေ့ကသာ ဖေဖေ့ဆီကဖုန်းကိုမကိုင်ခဲ့ရင်..
ဖေဖေခေါ်တဲ့ နေရာကိုမသွားခဲ့ဘူးဆိုရင်..
ယူရာဟီးရဲ့ လူသတ်ရန်ကြံစည်မှုကလည်း အထမြောက်ခဲ့မှာမဟုတ်..
ဒါပေမယ့် အခုတော့..
ကျောက်တိုင်တစ်ခုစိုက်ထားသော ကုန်းမြေမို့မို့ရှေ့ မတ်တပ်လေးရပ်ကာ ငေးကြည့်နေရာမှ လက်ထဲကိုင်ထားသည့် ကျူးလစ်ပန်းစည်းလေးကို ထိုမြေဂမို့လေးပေါ်တင်လိုက်သည်။
"အဲ့မှာ ပျော်ရဲ့လားဟင်.."
ဖြေသူမရှိသော သို့မဟုတ် ဖြေရင်တောင်ပြန်မကြားနိုင်သော အနေအထားမို့ ကိုယ့်ကိုယ်ကိုသာဖြေသိမ့်ရင်း ကျလုဆဲဆဲ မျက်ရည်တို့ကို မျက်တောင်များဖြင့်ပုတ်ခတ်ကာ ပြန်လည်သိမ်းဆည်းလိုက်သည်။
YOU ARE READING
နှစ်နှစ်ကာကာ (completed)