အနည်းငယ်ရီဝေနေသည့်ခေါင်းနှင့်အတူ နှာခေါင်းထဲဝင်လာသည့် ဆေးနံ့ကြောင့် အသက်ရှုရန်ခက်ခဲနေသည်။
မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ ဝါကျင့်ကျင့်မျက်နှာကျက်တစ်ခုကို မှုန်ဝါးဝါးမြင်နေရသည်။
ခြောက်သွေ့နေသော နှုတ်ခမ်းကိုလျှာဖြင့်သပ်ကြည့်ရင်း ဘေးဘီဝဲယာကိုကြည့်မိတော့ တိုက်နယ်ဆေးရုံက သီးသန့်လူနာခန်းတစ်ခုမှာ ရှိနေမှန်းသတိထားမိသွားသည်။
ကျွီ..
တံခါးဖွင့်သံနဲ့အတူ အခန်းထဲဝင်လာသည့်လူတစ်ယောက်..
"ဒေါက်တာနိုးပြီလား.."
သူနာပြုဆရာလေး၏ အမေးနှင့်အတူ နောက်မှာထပ်မံဝင်ရောက်လာသော အမျိုးသားတစ်ယောက်..
ကုတင်နားကို မြန်မြန်ဆန်ဆန်ရောက်လာသည့် သူနာပြုလေးကို ဖြည်းညင်းစွာ ခေါင်းညိမ့်ပြလိုက်သည်။
"ဒေါက်တာအရမ်းအားနည်းပြီးမေ့လဲသွားတာ..တော်သေးတာပေါ့ ဘာမှမဖြစ်လို့.."
ဆော့ဂျင်ငြိမ်ငြိမ်လေးနေရင်း သူနာပြုဆရာလေးပြောတာကို နားထောင်နေသည်။
"သွေးပေါင်က ထိုးကျသွားတော့ ကျွန်တော်တော်တော်ကိုစိတ်ပူသွားတာ..
သူနာပြုလေးက အဖြစ်အပျက်ကိုပြောရင်း ဆော့ဂျင်ကို သွေးပေါင်ချိန်တိုင်းသည်။
ဆော့ဂျင်မှာခက်ရေးရေးပြုံးရင်း..
"ဒီလောက်ကိုတော့ ကျွန်တော်တောင့်ခံနိုင်ပါတယ် ..ဒါနဲ့ ညက လူနာအဆင်ပြေရဲ့လား.. "
"အဆင်ပြေပါတယ်..သူတို့အချင်းချင်း လောင်းကစားဝိုင်းမှာ ရန်ဖြစ်ပြီး ထိခိုက်ကြတာပါ..အခုတော့ ရိုးရိုးလူနာဆောင်မှာရှိပါတယ်.."
"...."
သူနာပြုလေးစကားကို ခေါင်းလေးငြိမ့်ကာ တုန့်ပြန်တဲ့ ဆော့ဂျင်ကြောင့် အခန်းတွင်လေထုသည် အနည်းငယ်တိတ်ဆိတ်နေသည်။
သူနာပြုလေးက ဆော့ဂျင်ကို လိုအပ်တဲ့ စစ်ဆေးမှုများပြုလုပ်ပြီးနောက် အခန်းထဲကပြန်ထွက်သွားသည်။
YOU ARE READING
နှစ်နှစ်ကာကာ (completed)