pt 30

1.2K 154 38
                                    

"အစ်မ ကျောက်ကပ်ဋ္ဌာနက ဒေါက်တာကင်မ်ဆော့ဂျင် အလုပ်ထွက်သွားပြီဆို.."

"အေးလေ..အစ်မလည်းအဲ့လိုကြားတာပဲ.."

Nurse မလေးက အသံပျော့ပျော့လေးဖြင့် ပြန်ဖြေတော့ မေးသူ လက်ထောက်သူနာပြုလေးမှာ မျက်နှာလေးမဲ့သွားသည်။

"အဲ့ဒေါက်တာက အရမ်းတော်တာ စိတ်ထားလည်းကောင်းတယ်..မီးတစ်ခါ သူ့ရှေ့မှာ အမှားလုပ်မိတာတောင် မဆူဘဲ ပြုံးပြုံးချိုချိုလေးနဲ့ ဘယ်လိုလုပ်ရမယ်ဆိုပြီး သေချာရှင်းပြသွားတာ.."

Nurse မလေးက သူ့လက်ထောက်လေးရဲ့ စကားကို ထောက်ခံသည့်သဘောခေါင်းငြိမ့်ရင်း..

"ဟုတ်တယ်..ဒေါက်တာက အရမ်းတော်တယ်..စိတ်လည်းရှည်တယ်..လူတိုင်းအပေါ်လည်း လေးစားမှုရှိတယ်..ဒေါက်တာ့လိုလူမျိုးအလုပ်ထွက်သွားတာက ငါတို့ဋ္ဌာနအတွက် သိပ်ကိုနစ်နာတာပဲ..ဒါမယ့်ဘာတတ်နိုင်မှာလဲလေ..ဒေါက်တာ့မှာလည်း သူ့အကြောင်းနဲ့သူရှိမှာပေါ့..မီးငယ် vital sign မယူရသေးဘူးမလား..သွားယူတော့..အော် ကျောက်ကပ်ဆေးမယ့်လူနာတွေကို ကိုယ်အလေးချိန်တိုင်းဖို့ မမေ့နဲ့ဉီးနော်.."

အလုပ်ဝင်တာမကြာသေးတဲ့ လက်သစ်လေးမို့ nurse လေးက သေချာမှာနေတယ်..

သူ့လက်ထောက်လေးက သိပ်ကိုမေ့တတ်သည်လေ..

လက်ထောက်လေးကို မှာကြားပြီးနောက် ဆေးယူကောင်တာကို ထွက်လာခဲ့သည်။

ကောင်တာရှေ့တွင် မတ်တပ်ရပ်နေရင်း လူတွေရဲ့ တီးတိုးပြောဆိုသံတွေကြောင့် မှန်တွေကာထားတသည့် ဆေးရုံဝင်ပေါက်ကို ကြည့်လိုက်တော့ အလုပ်ပုံးလေးကိုမကာ ကားအနက်ရောင်လေးထဲဝင်သွားတဲ့ ဒေါက်တာကင်မ်ဆော့ဂျင်..

ကောင်တာရှေ့တွင် မတ်တပ်ရပ်နေရင်း လူတွေရဲ့ တီးတိုးပြောဆိုသံတွေကြောင့် မှန်တွေကာထားတသည့် ဆေးရုံဝင်ပေါက်ကို ကြည့်လိုက်တော့ အလုပ်ပုံးလေးကိုမကာ ကားအနက်ရောင်လေးထဲဝင်သွားတဲ့ ဒေါက်တာကင်မ်ဆော့ဂျင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
နှစ်နှစ်ကာကာ (completed)Where stories live. Discover now