"ကျစ် "
ဖုန်းစကရင်ကို ကြည့်ရင်း စုတ်သပ်လိုက်သည်။
အိမ်ပြန်ရောက်တည်းက ခေါ်နေပေမယ့် စက်ပိတ်ထားပါတယ် နှင့်ချည်းတိုးနေတဲ့ ယူဟန်နီ ရဲ့ ဖုန်းနံပါတ်ကိုကြည့်ရင်း သပ်ရပ်စွာဖီးသင်ထားတဲ့ ဆံပင်တစ်ချို့ကို ဆွဲဖွလိုက်သည်။
ဘာဆက်လုပ်ရမလဲ...
ဖုန်းမှန်ထဲပေါ်နေသည့် ကိုယ်မျက်နှာကိုပြန်ကြည့်ကာ စဉ်းစားနေမိသည်။
ယူဟန်နီကတကယ်ပဲ ဂျောင်ကု ကိုယ်ဝန်ကိုလွယ်ထားရတယ်ဆိုရင် ကျွန်တော့ကိုလာတွေ့ကတည်းက ဘာလို့ကိုယ်ဝန်အကြောင်း
ထည့်မပြောခဲ့တာလဲ....သူ့ကလေးကို ထိခိုက်အောင်လုပ်မှာစိုးရိမ်လို့လား....
အဲ့နေ့က သူမမျက်နှာကအနည်းငယ် ထူအမ်းအမ်းဖြစ်နေပေမယ့် ကိုယ်ဝန်ဆိပ်တတ်သလို အရမ်းပုံပျက်တာမျိုးဖြစ်မနေခဲ့ပေ....
တွေးရင်းခေါင်းတွေရှုပ်လွန်းလို့ လက်ထဲကဖုန်းကိုအိပ်ယာပေါ် ပစ်ချရင်း ရေမိုးချိုးရန်ပြင်လိုက်သည်။
ရေချိုးခန်းသို့အသွား အိပ်ခန်းပြတင်းပေါက်ကနေ ဖျက်ခနဲလှမ်းကြည့်မိတော့ မှောင်ရီပျိုးချိန်ရောက်နေတာတောင် အခုထိရပ်ထားဆဲဖြစ်သော ဂျောင်ကုကားမည်းလေး...
မနက်ဆို အစောကြီးလာစောင့်သည်။ ညဆိုအတော်ညဉ့်နက်မှ ပြန်တဲ့ ဂျောင်ကုက အမြဲလိုလိုကျွန်တော်အိမ်နဲ့ မလှမ်းမကမ်းမှာကားရပ်ထားပြီး စောင့်ကြည့်သည်။
ဆောင်းဝင်ခါစမို့ မနက်ခင်းရာသီဉတုက ဒီလောက်ကြီးမအေးပေမယ့် ညဆို နေရောင်ပျောက်တာနဲ့ အအေးဓာတ်က တဖြည်းဖြည်းဝင်လာသည်။
နာရီကြည့်လိုက်တော့ ညနေ ခြောက်နာရီ...
ဆောင်းရာသီမို့လို့ ညတာကလည်းရှည်သည်။
ည ခုနစ်နာရီ ရှစ်နာရီလောက်ဆို တော်တော်ကိုအေးလာပြီဖြစ်လို့ ကားရပ်ပြီးစောင့်နေတဲ့ ဂျောင်ကုကို အိမ်ပြန်စေချင်မိသည်။
ခဏလောက်ရပ်ကြည့်ပြီးနောက် အကြည့်လွှဲကာ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။
.
.
.
.
.
At 9:00 pm......
YOU ARE READING
နှစ်နှစ်ကာကာ (completed)