pt 24

1.1K 126 27
                                    

နံနက်ခင်းနေခြည်နွေးနွေးသည် အရိပ်ကောင်းပြီး လုံးပတ်ကြီးသော သစ်ပင်မြင့်ကြီးများကြားမှ ညီညာပြန့်ပြူးသည့် မြက်ခင်းစိမ်းများပေါ်သို့ ဖြာကျနေသည်။

လေယူရာအတိုင်း သယ်ဆောင်လာသည့် နှင်းဆီရနံ့သင်းသင်းက ကုစံအိမ်တစ်ဝန်းလုံးတွင် ထုံမွှန်းနေလေသည်။

ခြံဝန်းတံခါးမှစ၍ ကုစံအိမ်တော်သို့ဝင်ရာ လမ်းတစ်လျှောက်တွင် ခင်းကျင်းထားသည့် ကော်ဇောနီကြီးက တော်ဝင်အဆင့်အတန်းတစ်ခုကို ဖော်ပြနေသလို လျှောက်လှမ်းလာသူတိုင်းကိုလည်း နွေးထွေးစွာကြိုဆိုနေသည်။

အိမ်တော်တွင်းရှိ ရှေးဟောင်း ပန်းအိုးရှည်များတွင် နှင်းဆီနီနီတို့နှင့် လီလီပန်းအဖြူတို့ကို အဖူးအပွင့်ဝေဆာစွာဖြင့် အလှထိုးထားသည်မှာ ခန့်ညားတင့်တယ်လှသည်။

လှေကားလက်ရန်းတိုင်လုံးများ၏ အခြေမှစ၍ အနွယ်အခက်များကျနေဟန် ပုံဖော်ထားသော နှင်းဆီအနီ အရင့်အဖျော့တို့သည် လှေကားလက်ရန်းတိုင်လုံးများထိပ်အထိ ပန်းတံတိုင်းကြီးသဖွယ်သွယ်တန်းနေသည်။

အပေါ်ထပ်လှေကားမျက်နှာဝမှ စတင်ခဲ့သည့် ထိုနှင်းဆီရောင်အနုအရင့်တို့သည် အောက်ခြေလှေကားနှစ်ခုဆုံရာ မနိမ့်မမြင့်စင်မြင့်တစ်ခုတွင် အဆုံးသတ်သည်။

ရွှေမှုန်ကြဲထားသော ပဝါစရှည်ကြီးကို လှေကားထစ်များအပေါ်မှ ခင်းကျင်းထားပုံမှာ ဂန္ဓာဝင်ဆန်လှပေသည်။

ပြောင်လပ်နေသည့် ကြမ်းခင်းပေါ်တွင် ကတ္တီပါအနီစကို လျှောက်လမ်းသဖွယ် ခင်းကျင်းထားပြီး ထိုလျှောက်လမ်း၏ တစ်ဖက်တစ်ချက်စီတွင် ကျွန်းထိုင်ခုံကြီးများက အိန္ဒြေကြီးစွာ တည်ရှိနေသည်။

စင်စစ်အားဖြင့် ကုစံအိမ်၏ဧည့်ခန်းမသည် မင်္ဂလာအခမ်းအနားကျင်းပရန် အတော်အသင့်ကျယ်ဝန်းသည်။ ပန်းတို့ဖြင့်စီရင်မွန်းမံ ခြယ်သထားသော ဂျွန်မြေးငယ်နှစ်ယောက်ရဲ့ မင်္ဂလာလက်ထပ်ပွဲသည် မြင်ရသူအဖို့ အံသြမှင်သက်ရပြီး ဂုဏ်ကျက်သရေအားဖြင့် ခမ်းနားကြီးကျယ်လှသည်။

~~~~~~~~

"အားလုံးပြည့်စုံပါပြီရှင့်.."

"ကျေးဇူးပါ.."

နှစ်နှစ်ကာကာ (completed)Where stories live. Discover now