ဆော့ဂျင်တစ်ယောက် တောင်းတဲ့ဆုမပြည့်ခဲ့ပါ..
ဂျောင်ကုက နယ်ထွက်ဖို့ကိစ္စကို လုံးဝခွင့်မပြု..
ဆော့ဂျင်ဘာလုပ်ရမှန်းမသိတော့..
တစ်ဖက်ကိုလည်း လာမယ်ပြောထားပြီးသားမို့လို့ အားကိုးတကြီးမျှော်နေတော့မယ်..
ဂျောင်ကုသည်လည်း နေမကောင်းသေးဘူးဟူသော အကြောင်းပြချက်နှင့် လုံးဝမလွှတ်..
သွားဖို့ရက်ကနီးလာပြီ..
ဂျောင်ကုကို နောက်တစ်ကြိမ် တောင်းဆိုကြည့်ရန် သူရှိနေမည့် စာကြည့်ခန်းဘက်သို့ဉီးတည်လိုက်သည်။
ဒီတစ်ကြိမ်တော့ မရရအောင် တောင်းဆိုရမည်..
.
.
.စာအုပ်စင်များ၏အလယ် စာရွက်စာတမ်းများတင်ထားသော ကျွန်းစားပွဲကြီးအား မျက်နှာမူကာ အလုပ်ရှုပ်နေပုံပေါ်သည့် ဂျောင်ကုက ဆော့ဂျင်၏ တံခါးဖွင့်သံကြောင့် မျက်မှန်တို့အားပင့်တင်ကာ မော့ကြည့်သည်။
တစ်ချက်သာကြည့်ပြီး ဂရုမစိုက်ဟန် စားပွဲပေါ်က စာရွက်များကိုသာ အာရုံပြန်စိုက်နေတော့ ဆော့ဂျင်မတ်တပ်ရပ်လျက် တောင့်တောင့်လေး ဖြစ်နေလေသည်။အမှန်ဆို ဘာကိစ္စရှိလို့လဲ လို့မေးရမှာလေ..ဒါမှ ပြောပြပြီး မရမက တောင်းဆိုရမှာ..
အခုတော့ အရေးတောင်မစိုက် သူ့အလုပ်သူပြန်လုပ်နေတော့ ဆော့ဂျင်အမ်းတမ်းတမ်း ဖြစ်သွားရသည်။
"မောင်ခွင့်မပြုဘူးပြောပြီးသားနော်.."
ဘာမှမပြောရသေးခင်မှာပဲ ဖြတ်ပိတ်လိုက်တဲ့ စကားကြောင့် ဆော့ဂျင် မကျေမနပ်ဖြစ်သွားရသည်။
YOU ARE READING
နှစ်နှစ်ကာကာ (completed)