pt.22

1.1K 137 7
                                    

ကျောဘက်ဆီက အိစက်တဲ့အထိအတွေ့နှင့်အတူ လူတစ်ကိုယ်လုံးသည် နူးညံ့တဲ့ အရာတစ်ခုထဲ နစ်မြုပ်နေသလို ခံစားရသည်။ မျက်လုံးများကို ဖွင့်ကြည့်ဖို့ကြိုးစားပေမယ့် ညကငိုထားမိသည့် အရှိန်ကြောင့် မျက်ခွံများက လေးလံနေသည်။ မျက်နှာမူထားတဲ့ အိပ်ယာတစ်ဖက်ခြမ်းကို လက်ဖြင့်စမ်းကြည့်တော့ ပူပူနွေးနွေး။ ထိုအနွေးဓာတ်လေးရှိသည့် နေရာကို တဖြည်းဖြည်းရွေ့လျားဖို့ ကြိုးစားတော့ ရင်ညွန့်နားဆီက တင်းကျပ်မှုတစ်ခုက လွတ်မသွားအောင် ဆွဲယူနေသလို။ အလျော့မပေးဘဲ ထပ်မံရုန်းကန်ကြည့်တော့ ခြေထောက်ကိုပါ တစ်စုံတစ်ခုနှင့် ဖိညှစ်ခံလိုက်ရသလို။

"မသွားနဲ့..အဲ့ဘက်က နေရှိန်တယ်..."

ကျောဘက်ဆီက အသံအက်အက်ကြောင့် စောစောက လေးနေပါတယ်ဆိုတဲ့ မျက်ခွံများဟာ တင်ကနဲပွင့်လာသည်။ မျက်စိရှေ့က လွတ်နေတဲ့ လူတစ်ယောက်အိပ်စာ နက်စွေးစွေးမွေ့ယာပေါ်သို့ ပြတင်းပေါက်မှ နေရောင်ခြည်က ဖြာကျနေသည်။

ဒီနေလောက်ဆို....

ဟင်! ..ဘယ်နှစ်နာရီရှိပြီလဲ...

အိပ်ယာကနေကျုံးထတော့ အနောက်ကဖက်ထားတဲ့ အားကိုမယှဉ်နိုင်...

"ကိုကို အဲ့ဘက်မသွားပါနဲ့ဆို..."

မျက်လုံးမပွင့် အိပ်ချင်မူးတူးအသံနဲ့ လူကိုလိုက်ဆွဲနေတဲ့ ဂျောင်ကုအားကမသေး..သူ့လက်တွေက ရင်ညွန့်ကနေ ခါးကိုရောက်ပြီး မလွတ်တမ်း ဖက်ထားသည်မှာ လှုပ်လို့တောင်မရ...

"ဂျောင်ကု ခဏလေး နာရီကြည့်မလို့..."

"စောသေးတယ်..."

ဘယ်ကိုစောတာလဲ..မျက်လုံးမဖွင့်ဘဲနဲ့ ရမ်းသမ်းပြောနေတဲ့ ဂျောင်ကုက လူကိုလည်းလွှတ်မပေးဘဲ လက်တွေရောခြေထောက်တွေနဲ့ပါ ဖိထားတော့ လူကငိုချင်လာသည်။

ဒေါက်..ဒေါက်

အပြင်မှတံခါးခေါက်သံကြောင့် ဆော့ဂျင်အားကိုးရသွားသလို... အထိန်းတော်ကြီးဆိုဘယ်နှစ်နာရီရှိပြီလဲမေးဖို့...

"ဂျင်ငယ်..နိုးပြီလား သား.."

တံခါးခေါက်သံနှင့်အတူ ထွက်ပေါ်လာတဲ့ အန်ကယ့်အသံကြောင့် မျက်လုံးပြူးသွားသည်။ ကျွန်တော်နဲ့ဂျောင်ကု ဒီလိုပူးပူးကပ်ကပ်အိပ်နေတာကို အန်ကယ်မြင်သွားရင်...တွေးရင်းဆော့ဂျင်တစ်ယောက် ပြာလောင်ခတ်နေသည်။

နှစ်နှစ်ကာကာ (completed)Where stories live. Discover now