ရောက်နေတာက ဂျောင်ကုအခန်းအပြင်ဘက်က လူနာစောင့်ရန် အသီးသီးချထားသည့် ဆိုဖာခုံများ၏ရှေ့..
"ယူဟန်နီခဗျ ..ပြောစရာရှိတာတွေကို ဒီမှာပဲပြောလို့ရမလား.."
ကျွန်တော်စကားကြောင့် သူ(မ)ကဘေးဘီဝဲယာကိုကြည့်လိုက်သည်။
လူအသွားအလာနည်းသည့်အတွက် သူ(မ) အဆင်ပြေမည်ထင်ပါသည်။
"ရပါတယ် ကင်မ်.."
ပြောပြီးနောက် ယူဟန်နီက ဆိုဖာခုံအလွတ်တွင်ဝင်ထိုင်တော့ ကျွန်တော်လည်း သူ(မ)ဘေးက ကပ်ရပ်ခုံတွင် ဝင်ထိုင်လိုက်သည်။
ထို့နောက် သူ(မ)က လက်ကိုင်အိတ်ထဲမှ ဖုန်းကိုထုတ်သည်။
ပြီးနောက်ဖုန်းကို ကျွန်တော်ဘက်လှည့်ပေးရင်း
"ဒါကိုအရင်နားထောင်ကြည့်ပါ ဒေါက်တာ..ဒီ recording ကိုနားထောင်ပြီးမှ ကျွန်မစကားတွေကို အစပျိုးဖို့ အဆင်ပြေမှာမို့လို့ပါ.."
သူ(မ)မျက်နှာကို တစ်ချက်ကြည့်ရင်း သူ(မ)ကမ်းပေးသည့်ဖုန်းကို ယူလိုက်သည်။
မိနစ်ပိုင်းမျှကြာမြင့်သည့် recording က ဘယ်လိုအကြောင်းအရာတွေကိုများ ထပ်ပြီးသယ်ဆောင်လာဉီးမှာလဲ..
ဆော့ဂျင် စိတ်ကိုအမြင့်ဆုံးထိ မြှင့်တင်ထားလိုက်သည်။
ဘယ်လိုအကြောင်းအရာတွေပဲဖြစ်ဖြစ်..
နောက်ဆုံး..ဂျောင်ကုနဲ့ပတ်သက်တဲ့ ကျွန်တော်မကြားချင်ဆုံးအရာ ဖြစ်နေရင်တောင်..
ဂျောင်ကုအပေါ်ထပ်ပြီး အပြစ်မတင်မိဖို့..
အမှားတွေထပ်ပြီးမလုပ်မိစေဖို့..
ဂျောင်ကုနဲ့ ပက်သက်သမျှအရာရာကို လက်ခံပေးဖို့ စိတ်ကို အသင့်ပြင်ထားလိုက်သည်။
ထို့နောက် recording ကို စဖွင့်လိုက်သည်။
အရင်ဆုံးကြားလိုက်ရတာက တစ်စုံတစ်ခုကို လုယူလိုက်တဲ့ အသံမျိုး...
"အမေ တောင်းပန်ပါတယ်.. အဲ့လိုမလုပ်ပါနဲ့.."
ငိုသံနဲ့ ပြောလိုက်တာက ယူဟန်နီအသံ..
"နင့်ပါးစပ်ကိုပိတ်ထား ယူဟန်နီ..နင့် ကလေးနဲ့ နင့်ယောက်ျားကို မထိခိုက်စေချင်ရင် နင့်ပါးစပ်ပေါက်ကိုပိတ်ထားလိုက်..!!"
YOU ARE READING
နှစ်နှစ်ကာကာ (completed)