ဒီနေ့က သခင်လေးနေစကောင်းတဲ့ရက်မို့လို့ကားမမောင်းခိုင်းနဲ့ဉီး ဆိုတဲ့အကိုလေးရဲ့စကားကြောင့် ကျွန်တော်ကိုယ်တိုင် ကားမောင်းပြီး သခင်လေးကို ကုမ္ပဏီလိုက်ပို့ရပါသည်။ ပုံမှန်ဆိုဒရိုက်ဘာတောင်မခေါ်ဘဲသူ့ဟာသူ ကားမောင်းပြီး သွားတတ်တဲ့သခင်လေးက ဒီနေ့တော့ကျွန်တော်လိုက်ပို့တာကိုအသာတကြည်နဲ့ လက်ခံပါသည်။ တခြားသူကို စကားတောင်စိတ်ရှည်ရှည်မပြောတတ်တဲ့သခင်လေးက အကိုလေးစကားဆို မြေဝယ်မကျနားထောင်တတ်ပါသေးသည်။မှိုရထားသလိုမျက်နှာထားနဲ့ လမ်းတစ်လျှောက်လုံး ပြုံးပျော်နေသည့် သခင်လေးကို အထိန်းတော်ကြီးနောက်ကြည့်မှန်ကနေတဆင့် ခဏခဏကြည့်မိပါသည်။ အပြင်ကိုငေးပြီးကြည့်လိုက် နှုတ်ခမ်းကိုလက်ဖြင့်ပွတ်ပြီး ပြုံးလိုက်ဖြစ်နေသောသခင်လေးသည် အိမ်မှစထွက်လာထဲက ထိုအတိုင်းပြုမူနေသည်။ ဟော တွေ့လားပြုံးပြန်ပြီ အဲ့အပြုံး တိတိကျကျပြောရရင် မခိုးမခန့်အပြုံး ကျေကျေနပ်နပ်နဲ့ကို ပြုံးနေတာ။ ကျွန်တော်သခင်လေးရဲ့အပြုံးကို ဝေဖန်သုံးသပ်နေတုန်း သခင်လေးမျက်လုံးက ရုတ်တရက်ကျွန်တော့ဆီရောက်လာတာကြောင့် အကြည့်လွှဲလိုက်ပေမဲ့ မအောင်မြင်ပါ။ သူ့ကိုကြည့်နေတာကိုမြင်ဖြစ်အောင်မြင်ပါသေးသည်။
"ဘာဖြစ်လို့လဲ အထိန်းတော်ကြီး!"
သခင်လေးအသံနက်နက်ကြောင့် ကျွန်တော်တစ်ချက်ကျောချမ်းသွားသည်။
"ခ ခင်ဗျာ.. "
"ခုနက ကျွန်တော်ကိုဘာလို့ကြည့်နေတာလဲ!
"အာ ဘာမှမဖြစ်ပါဘူး "
သခင်လေးကမျက်မှောင်ကျုံ့ကာ အပြင်ဘက်ပြန်လှည့်သွားသည်။ ကျွန်တော်လည်း စောစောကထက်အနေကျုံ့သလိုခံစားရတာကြောင့် သခင်လေးကို မကြည့်တော့ဘဲ ကားကိုသာအာရုံထားလိုက်သည်။ အရမ်းအနေတည်ပြီးလူကြီးဆန်လွန်းတဲ့သခင်လေးက တစ်ခါတစ်ရံကြောက်စရာကောင်းသလို သနားစရာလည်းကောင်းပါသည်။
..
ကုမ္ပဏီရှေ့ရောက်တော့ အသက်ငါးဆယ်အရွယ်လောက်ရှိတဲ့အမျိုးသားတစ်ယောက်က တံခါးလာဖွင့်ပေးပြီးအကိုလေးဆင်းသွားတော့ ကျွန်တော်လည်း အိမ်သို့ပြန်လာခဲ့လိုက်သည်။
YOU ARE READING
နှစ်နှစ်ကာကာ (completed)