pt.8

1.4K 153 15
                                    

ဒေါက် ဒေါက် ဒေါက်!!!!!

ဒီနေ့ဆေးရုံသွားရမှာဖြစ်တာကြောင့် မှန်ရှေ့တွင်ပြင်ဆင်နေရင်း တံခါးခေါက်သံကြားတာမို့ ဖွင့်ပေးလိုက်တော့ bathrob တစ်ခုတည်းဝတ်ထားတဲ့မောင်က အခန်းရှေ့တွင်မတ်တပ်ရပ်နေသည်။ ပြီးတော့ ပခုံးပေါ်တင်ထားတဲ့ သဘက်အဖြူကိုထိုးပေးရင်း

"အင့် သုတ်ပေး!"

ပြောပြီး တံခါးကိုပိတ်ရပ်နေတဲ့ကျွန်တော်ကိုဖယ်၍ အခန်းထဲသို့ခက်တည်တည်ဖြင့်ဝင်သွားသည်။ ပြီးတော့ကုတင်အစွန်းတွင်ထိုင်ပြီး အခန်းရှေ့တွင်ရပ်နေသေးသည့်ကျွန်တော့ကို ခနဲ့တဲ့တဲ့ပုံစံဖြင့်မျက်လုံးများမှေးစင်းကာကြည့်နေလေသည်။ အတန်ကြာတဲ့ထိကျွန်တော်မသွားဘဲနေတော့

"မောင့်ကိုရေလာသုတ်ပေးလို့ပြောနေတယ်လေ! "

"....."
ကျွန်တော်ဘာမှပြန်မပြောဘဲနေမိတော့

"ကျစ်! ကင်ဆော့ဂျင်တို့ လာရစ်နေတာပဲ"

အံမယ်ကျွန်တော်ကပဲ ရစ်တယ်ဖြစ်ရသေးတယ်။ သူအကျင့်ပုတ်တာကျထည့်မပြောဘူး။ သူ့အကျင့်ပုတ်လို့ကျွန်တော်စိတ်ဆိုးတာလေ။ ဖြစ်ပုံကဒီလိုပါ။ မနေ့က ယောင်းငယ်လာတော့ ထမင်းစားပြီးမှပြန်ဖို့ပြောထားတာကိုသူက ကျွန်တော်မသိအောင် ယောင်းငယ်ကိုထမင်းမကျွေးဘဲပြန်လွှတ်လိုက်တယ်လေ။ ကျွန်တော်ကအဲ့တာကိုစိတ်မကောင်းဖြစ်တာပါ။ ဟိုကတကူးတက အရေးကြီးတဲ့စာရွက်စာတမ်းတွေလာပေးတာကို ပြီးတော့ ယောင်းငယ်နဲ့မတွေ့ရတာကြာတော့ ထမင်းစားရင်းစကားလက်ဆုံပြောချင်တာကို ဒင်းကြောင့်။ ယောင်းငယ်ခမျာဗိုက်ဆာဆာနဲ့ပြန်သွားရတာ။ ဂျွန်ဂျောင်ကုတစ်ခါတစ်လေကျရင်တကယ်လူမှု​​ရေးမရှိတာ။ အဲ့ကြောင့်အမြင်ကတ်လို့ တမင်မခေါ်ဘဲထား ထားတာ။ အခုလည်းကြည့်ပါလား။ ကျွန်တော်အခန်းထဲလာပြီး လူကိုကြည့်နေတဲ့ပုံစံက အထင်သေးသလိုလို ခနဲ့သလိုလိုနဲ့ မျက်လုံးကမှေးထားလိုက်​သည်။

"ကင်ဆော့ဂျင်! မောင်ခေါ်နေတယ်လေ! ရေလာသုတ်ပေးပါဆို! အဲ့နှုတ်ခမ်းကဘာကိစ္စစူနေတာလဲ"

ကြည့် ကြည့် ကျွန်တော့်ကိုများ သူထက်အငယ်မှတ်နေလားမသိဘူး။ ရုပ်ကိုကပြုံးစိစိနဲ့။

နှစ်နှစ်ကာကာ (completed)Where stories live. Discover now