pt.4

1.7K 173 7
                                    

အိမ်ပြန်ရောက်တည်းက ဧည့်ခန်းမှာပဲထိုင်နေတဲ့အကိုလေးက အဝတ်အစားအိတ်ကိုလည်းမသိမ်း အခန်းထဲလည်းသွားမနားဘဲ မျက်နှာထားတည်တည်ဖြင့်သာထိုင်နေသည်။
အလုပ်မှာပဲအဆင်မပြေခဲ့လို့လားတော့မသိ။ သခင်လေးကတော့ အစည်းအဝေးပြီးတာနဲ့ပြန်လာခဲ့မယ်ဆိုပြီးထွက်သွားတာ ညရှစ်နာရီထိုးနေပြီပြန်မလာသေးပါ။

"ဂျောင်ကု ဘယ်အချိန်ပြန်လာမယ်​ပြောလဲ.."

"အစည်းအဝေးပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်ပြောပါတယ်.."

"ခုဘယ်အချိန်ရှိပြီလဲ.."

"ရှစ်နာရီခွဲပါတော့မယ် အကိုလေး..."

"အထိန်းတော်ကြီးအနားယူတော့လေ ကျွန်တော်ဂျောင်ကုကို ဆက်စောင့်လိုက်မယ်.. "

"ဟုတ်ကဲ့ပါ.. ဟိုအကိုလေး ထမင်းလည်းမစားရသေးဘူးနော်.."

"ကျွန်တော်စားချင်စိတ်မရှိသေးလို့ပါ ဗိုက်ဆာရင်ကျွန်တော့်ဘာသာထည့်စားလိုက်ပါ့မယ်.. အထိန်းတော်ကြီးသွားနားတော့နော်.."

"ဟုတ်ကဲ့ခင်ဗျ.."

အထိန်းတော်ကြီးကို အနားယူခိုင်းပြီးကျွန်တော်ဂျောင်ကုကို ဆက်စောင့်နေလိုက်သည်။
မကြာပါ အိမ်ရှေ့ဆင်ဝင်အောက်မှာ ဂျောင်ကုကားစက်သံကြားရသည်။အိမ်ထဲကိုခေါင်းငိုက်စိုက်ပြီးဝင်လာတဲ့ဂျောင်ကုက ကျွန်တော့်ကိုမမြင်သေးပါ။အနက်ရောင်suitအပြည့်ဝတ်ဆင်ထားပြီး နက်တိုင်ကို ခက်လျော့လျော့ဆွဲဲဖြည်ပြီးနောက် အိတ်ကို ဆိုဖာပေါ်ပစ်တင်ကာ ခြေပစ်လက်ပြစ်ထိုင်ချပြီးတော့မှ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျွန်တော်ကိုမြင်တော့ ပင်ပန်းနေတဲ့မျက်လုံးဝိုင်းဝိုင်းတွေက အံ့သြသယောင်ဖြစ်သွားသည်။

"ဆောဂျင်...ဟင့်.."

ထိုင်နေရာမှထလာပြီးကျွန်တော်အနီးဆုံးသို့ပြေးကပ်သည်။ ကျွန်တော့်ကို ဘေးစောင်းဖက်ရင်း မျက်နှာကို ကျွန်တော့်ပုခုံးပေါ်တွင် ဖွက်ထားသည်။ တအင့်အင့်အသံထွက်လာလို့ ပခုံးပေါ်ဖွက်ထားတဲ့ မျက်နှာကို လက်ဖြင့်ပင့်ကိုင်၍ကြည့်လိုက်တော့ အဆိုးလေးကငိုနေတာ။ငိုတာမှမျက်ရည်တွေရော နှပ်ချေးတွေရောထွက်​​အောင်ကိုငိုနေတာ။ ဘာများဖြစ်လို့လဲ..ကျွန်တော်လည်းတစ်လုံးမှမဆူရသေးပါဘူး..မေးစရာရှိသည့်ကိစ္စကိုအသာထားရင်းရှေ့ကညစ်ပေတူးကို အရင်ချော့ရမည်။
မျက်နှာလေးကိုပင့်ကိုင်ကာ မျက်ရည်စလေးတွေကိုသုတ်ပေးတော့ မျက်လုံးဝိုင်းဝိုင်းလေးကမော်ကြည့်လာသည်။ ရှေ့စားပွဲပေါ်က တစ်ရှုးယူပြီးနှာခေါင်းကိုညှစ်ပေးဖို့လုပ်တော့ အဆိုးလေးက လက်ဖြင့်ကာပြီး ကျွန်တော်ကိုခေါင်းခါပြသည်။ ပြီးနောက် ကျွန်တော်လက်ထဲကတစ်ရှုးကိုဆွဲယူပြီးသူ့ဘာသာသူနှပ်ညစ်သည်။ကိစ္စဝိစ္စအားလုံးပြီးတော့ ရှေ့ကဂျစ်တူးကကျွန်တော် မော့ကြည့်သည်။ ကျွန်တော်ခုချိန်ထိဂျစ်တူးကို ရယ်လည်းမရယ်ပြသလို ပြုံးလည်းမပြုံးပြသေးပါ။

နှစ်နှစ်ကာကာ (completed)Where stories live. Discover now