အရေးကြီးကိစ္စကြောင့် ခရီးထွက်ရမည်ဆိုတာကလွဲရင် ကျန်တာဘာမှမပြောဘဲ အစောဆုံးလေယာဉ်ဖြင့် လိုက်ပါသွားသော ဖေဖေ့ကြောင့် မနက်ခင်းထမင်းဝိုင်းသည် တိတ်ဆိတ်နေသည်။
အထိန်းတော်ကြီးကလည်းမရှိတော့ အခြားသောအစေခံများ၏ အိမ်တော်ကိစ္စအဝဝကို တာဝန်ယူခြင်းအုပ်ချုပ်ခြင်းအလို့ငှာ အစေခံထိန်းကြီးတာဝန် ဖြစ်လာလေသည်။
ညကကိစ္စကြောင့် ဂျောင်ကုကို မျက်နှာပူမိတော့ အထွေအထူးစကား များများမပြောဘဲ အစားကိုသာ အာရုံစိုက်မိသည်။
တစ်ညလုံးမအိပ်ရသေးတာကြောင့် မျက်လုံးအိမ်က စပ်ဖျင်းဖျင်းဖြစ်နေသည်။
ဒီနေ့ ဂျူတီနားရက်ဖြစ်တာကြောင့် ထမင်းစားပြီးရင် တမှေးလောက်အိပ်ရန်လည်း စိတ်ကူးထားသည်။
ချလွင်..!!!
ကျွန်းစားပွဲကြီးပေါ် ပစ်ချလိုက်သော ဇွန်းသံသည် တိတ်ဆိတ်နေသော ထမင်းစားဆောင်တွင် ဟိန်းကနဲ ပဲ့တင်ထပ်သွားသည်။..
"ဟင်းတွေဘယ်သူပြင်တာလဲ..!"
"ကျွန်..ကျွန်တော်ပါ.."
ဘေးတွင် အသင့်ရပ်နေသော စားဖိုကဲကြီးက အရိုအသေပြုလျက် အနေအထားနှင့်ပြန်ဖြေသည်။
"ခင်ဗျား တစ်ယောက်တည်းလား..!"
စားဖိုကဲကြီးဘေးတွင် ယှဉ်ရပ်နေသော အိမ်စေ အမျိုးသမီးနှစ်ယောက်ကို ကြည့်ကာမေးတော့ ထိုအမျိုးသမီးနှစ်ယောက်မှာ အခြေအနေကို ရိပ်မိပြီး..
"ကျွန်မ..တို့လည်း ပါ ပါတယ် သခင်လေး.."
ဂျောင်ကုမျက်ခုံးများသည် စုကျုံ့ထားသည်။ ပါးစောင်းကို လျှာနဲ့ထိုးပြီး ထိုင်ခုံနောက်မှီကို မှီချလိုက်သည်။
"ဒီငါးဟင်းကို ဘယ်သူချက်တာလဲ..!"
"ကျွန်..ကျွန်မပါ.."
အစွန်ဆုံးတွင်ရပ်နေသော အမျိုးသမီးကပြန်ဖြေသည်။
"ဘယ်သူချက်ခိုင်းတာလဲ..!"
ထိုအမျိုးသမီးက စားဖိုကဲကြီးအား ခေါင်းငုံ့လျက်အနေအထားနဲ့ မသိမသာစောင်းကြည့်သည်။
YOU ARE READING
နှစ်နှစ်ကာကာ (completed)