ကျွန်တော်အထုတ်အပိုးပြင်နေတဲ့တစ်လျှောက်လုံး ကုတင်ပေါ်တွင်ထိုင်ကာ ကျွန်တော်လုပ်သမျှကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေတဲ့မောင်က ခုထိမျက်နှာလည်းမသစ်ရသေးပါ။ မနက်အိပ်ရာနိုးထဲက ကျွန်တော့အခန်းထဲ ငုတ်တုတ်လာထိုင်နေသည်။ ညဝတ်အက်ျီကဖရိုဖရဲ အိပ်မှုံစုတ်ဖွားရုပ်လေးနှင့်မောင်က တစ်ချက်တစ်ချက် အကြည့်ချင်းဆုံရင် မျက်စောင်းကထိုးသေးသည်။ သဘောကတော့ သူ့ကိုမတိုင်ပင်ဘဲသွားလို့မကျေနပ်ဘူးပေါ့လေ။
"အဟင်း.."
"အဲ့တာ ဘာဖြစ်တာ.."
"ဘာမှမဖြစ်ပါဘူးဗျာ.."
မောင့်ပုံစံလေး ကြည့်ပြီးကျွန်တော်ကြိတ်ရီမိတော့ မျက်လုံးလေး လှန်ကြည့်ကာ နှုတ်ခမ်းဆူဆူ လေးဖြင့် ပြန်မေးသည်။
"ဂျောင်ကု.."
"ဗျာ...."
ကျွန်တော်ခေါ်လိုက်တော့ မထူးချင်ထူးချင်အသံလေးနှင့် ပြန်ထူးသည်။ပြီးနောက်ကျွန်တော်က မောင်ထိုင်နေတဲ့ မျက်နှာချင်းဆိုင်တွင် ခုံဖြင့်ထိုင်ရင်း
"ကိုကိုမရှိတုန်း လိမ်လိမ်မာမာနေနော် အစားကိုပုံမှန်စား ဆေးကိုပုံမှန်သောက် ဒေါသလည်းအရမ်းမထွက်နဲ့ စိတ်ကိုတက်နိုင်သလောက်ထိန်း ဟုတ်ပြီလား။ "
"အပိုတွေလာလာမပြောနဲ့ မောင့်ကိုစိတ်မချရင် အစတည်းက မသွားဘဲနေပါလား ခုမှလာပြီး.."
ပြောနေရင်းမျက်နှာလေးအောက်ငုံ့သွားတော့ ကျွန်တော်သိလိုက်ပါပြီ ကျွန်တော့ဆိုင်သူကြီးစိတ်မကောင်းဖြစ်နေပြီဆိုတာ။ ဒါကြောင့်လက်လေးဖြင့်မျက်နှာလေးကို အသာမော့စေတော့ မျက်ရည်ဉလေးတွေက မျက်လုံးဝိုင်းဝိုင်းလေးထဲတွင် နေရာအပြည့်ယူထားသည်။ မောင်က အများအမြင်မှာဒေါသကြီးတယ် စိတ်ထက်တယ် လို့ထင်ရပေမဲ့ တကယ်တမ်းဆိုမောင်က ဝမ်းနည်းလွယ်ပြီး စိတ်အတက်အကျမြန်တာ ကျွန်တော်အသိဆုံး။ အမှန်ဆိုကျွန်တော်လည်းမောင့်ကိုတစ်ယောက်ထဲ ထားခဲ့ရမှာစိတ်မချပေမဲ့ အခုက တကယ်ကိုမဖြစ်မနေမို့လို့သာ..
ကျွန်တော်တို့ဆေးရုံကထောက်ပံ့ပေးနေတဲ့ ဘိုးဘွားတွေနဲ့မိဘမဲ့ကလေးတွေထားတဲ့ ဂေဟာတစ်ခုတွင် ဆေးကုသရန် ဆရာဝန်အင်အားနည်းနေခြင်းကြောင့် ကိုယ်တိုင်သွား၍ ကုသပေးပြီး လိုအပ်တဲ့ဆေးဝါးတွေရယ် မြို့နဲ့ဝေးတဲ့ဒေသဖြစ်လို့ ဆေးဘက်ဆိုင်ရာအသိပညာပေးဟောပြောတာပါ လုပ်ရမှာဖြစ်တာကြောင့် အနည်းဆုံးတစ်ပတ်လောက်တော့ကြာလိမ့်မည်။ ဒီအကြောင်းကို ဂျောင်ကုကို ပြောမပြခဲ့ဘူးဆိုတာက ဂျောင်ကုခရီးသွားနေတာကတစ်ကြောင်း နောက်ပြီး ပြောလိုက်ရင် ဒီလိုတွေ ကြိုပြီးစိတ်ပင်ပန်းမှာဆိုးလို့ ပြောမပြခဲ့တာပါ။ ခုတော့ ဘာထူးသေးလဲ ရှေ့ကကလေးက စိတ်ပင်ပန်းရုံတင်မကဘူး မျက်ရည်ပါကျချင်နေပြီ။
YOU ARE READING
နှစ်နှစ်ကာကာ (completed)