စံအိမ်ဝန်းတံခါးသွားပိတ်ပြီး အိမ်တော်ထဲပြန်ရောက်တော့ စံအိမ်တော်အပေါ်ထပ်က သခင်လေးအခန်းရှေ့တွင်စကားများနေသော သခင်လေးနှင့်အကိုလေး....ဒီလိုမြင်ကွင်း ဒီလိုအခြေအနေမျိုးကို လွန်ခဲ့သည့် ဆယ့်လေးနှစ်လောက်ကလည်း ကြုံခဲ့ဖူးပါသည်။
အဲ့တုန်းကတော့ ကာယကံရှင်တွေဖြစ်ကြတဲ့ မမလေးကုက သခင်ကြီးဂျွန်ဆီက ထွက်သွားခဲ့ပြီး ဒီနေ့အထိ ကုစံအိမ်ကို ပြန်မလာခဲ့ပါ.....
ဒီတစ်ခေါက်ကရော.. အကိုလေးဂျင်က သခင်လေးဂျွန်ဆီကနေ ထွက်သွားဉီးမှာလား..
.
.
.
ဘာပြသနာဖြစ်ကြလည်းမသိပေမယ့် အကိုလေးက သခင်လေးအပေါ် တော်တော်ကိုနာနာကျင်ကျင် ဖြစ်နေပုံရသည်။အကိုလေးအိမ်တော်ကနေ ပြေးထွက်သွားတော့ သခင်လေးကရင်ဘက်ကို လက်ဖြင့်ဖိကာ ကြမ်းပြင်ပေါ်လဲကျသွားသည်။
ကျွန်တော်ပြေးထူရင်း ထွက်သွားသည့် အကိုလေးကို အော်ခေါ်ခဲ့ပေမယ့် အကိုလေးကတော့လှည့်တောင်မကြည့်ခဲ့ပါ။
သတိလစ်သွားတဲ့သခင်လေးက ဘယ်လိုခေါ်ခေါ် သတိပြန်မလည်လာတာကြောင့် အထိန်းတော်ကြီးမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ လောလောဆယ် ခေါင်းထဲဝင်လာတာက ဒေါက်တာနမ်ဂျွန်။
ဟုတ်တယ် ဒေါက်တာ့ကိုဖုန်းဆက်ရမယ်...
သခင်လေးခေါင်းကို ကြမ်းပြင်ပေါ်အသာပြန်ချရင်း အိမ်ဖုန်းရှိသည့် ဧည့်ခန်းဘက်သို့ ပြေးသွားလိုက်သည်။ ဖုန်းနံပါတ်အချို့ကို ရိုက်ရင်း ဒေါက်တာ နမ်ဂျွန်ကိုဖုန်းခေါ်တော့ ဖုန်းကမကိုင် စက်ပိတ်ထားသည်နှင့်တိုးသည်။ နောက်တစ်ခေါက်ထပ်ခေါ်တော့လည်းမကိုင်။
ဒုက္ခပါပဲ...
နောက်ထပ်ခေါင်းထဲဝင်လာတာက သခင်လေးထယ်ယောင်း...။ သခင်လေးဖုန်းနံပါတ်ကိုအလွတ်မှတ်မိတာကြောင့် ခေါင်းထဲပေါ်လာသည့် ဂဏန်းအချို့ကို ရိုက်ထည့်ရင်းဖုန်းခေါ်လိုက်သည်။
စိတ်ထဲတွင်လည်း ဖုန်းကိုင်ပါစေ ဟု အကြိမ်ကြိမ် ဆုတောင်းလျက်......
.
.
.
.
.
📲📲📲📲......📞"ဟဲလို..."
"ဟဲလို သခင်လေးထယ်ယောင်းလားခင်ဗျ!"
YOU ARE READING
နှစ်နှစ်ကာကာ (completed)