ညှပ်ပြီးခါစ တိုနှံ့နှံ့ဆံသားတို့ကို နှဖူးပေါ်အသာလှန်တင်၍ ပုံကျစေရန် spary အနည်းငယ်ဖျန်းလိုက်သည်။ ကုတင်စွန်းမှာတင်ထားသည့် အင်္ကျီလက်ရှည် ဆင်စွယ်ရောင်ကို လက်လျှိုဝတ်၍ ကော်လံနားမှ ကိုင်ကာ အင်္ကျီကိုပြင်ဝတ်ရင်း မှန်ထဲက ကိုယ့်ပုံရိပ်ကို ကြည့်မိတော့ တစ်စုံတစ်ယောက်နှင့် ရုပ်ချင်းဆင်နေသလို။ တိတိကျကျပြောရရင် ဒီနေ့သွားတွေ့မယ်လူပေါ့။ ကြယ်သီးတပ်ရင်း မျက်နှာကို ဘယ်ညာအနည်းငယ်စောင်းကာ လိုအပ်ချက်ရှိမရှိကြည့်လိုက်သည်။ ပြည့်စုံပြီထင်တော့ စားပွဲပေါ်တင်ထားသည့် လိပ်စာကဒ်ကို အိပ်ကပ်ထဲထည့်ရင်း ကားသော့ဆွဲကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။
ထမင်းစားခန်းထဲရောက်တော့ မတ်တပ်ရပ်ကာအသင့်စောင့်နေတဲ့ အထိန်းတော်ကြီးက ကျွန်တော့်ကိုမြင်တော့ ခါးညွှတ်၍ အရိုအသေပေးသည်။ အထိန်းတော်ကြီးကိုခေါင်းငြိမ့်အသိအမှတ်ပြုရင်း ကျွန်းကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
ပန်းကန်ထဲ ထမင်းထည့်ရန်ပြင်နေသည့် အထိန်းတော်ကြီးအား တစ်ချက်ဝေ့ကြည့်ရင်း"အထိန်းတော်ကြီး.."
"ဟုတ်ကဲ့ သခင်လေး.."
"နောက်အပတ်ကစပြီး အိမ်တော်မှာမဟုတ်ဘဲ အနောက်ဆောင်မှာ တခြားသူတွေနဲ့အတူသွားနေလို့ရပါပြီ။ အထိန်းတော်ကြီးနေချင်တယ်မဟုတ်လား။.."
အထိန်းတော်ကြီးမျက်နှာကို အကဲခတ်ကြည့်တော့ တစ်ခုခုမေးချင်နေသည့်ပုံ..
"နေ နေချင်ပါတယ်..ဒါပေမယ့် ကျွန်တော်သွားရင် စံအိမ်ကြီးမှာသခင်လေးတစ်ယောက်ထဲ အ ဆင် ပြေပါ့မလား..."
စိုးရိမ်ဟန် မဝံမရဲမေးလာတော့
"ကျွန်တော်အဆင်ပြေပါတယ် ပြီးတော့ကျွန်တော်တစ်ယောက်ထဲ မဟုတ်ပါဘူး...."
YOU ARE READING
နှစ်နှစ်ကာကာ (completed)