ဆော့ဂျင်ဆရာဝန်အလုပ်ကို စွန့်လွှတ်ခဲ့ရသည်မှာ နှစ်လကျော်သွားပြီ..
ဒိအတောအတွင်း ဂျောင်ကုအနားမှာ သိပ်မနေဖြစ်သလို ဂျောင်ကုကိုလည်း ဂရုမစိုက်ဖြစ်..
အလုပ်အပေါ်ချစ်တဲ့စိတ်၊ စွဲလန်းတဲ့စိတ်ကြောင့် မသိစိတ်ကပင် ဂျောင်ကုကို ခွင့်မလွှတ်နိုင်ဖြစ်နေပုံရသည်။
ဂျောင်ကုတစ်ယောက် ဧည့်ခန်းထဲတွင် စာရွက်စာတမ်းတစ်ချို့နှင့် အလုပ်ရှုပ်နေတုန်း လှေကားမှတစ်ဆင့် ဆော့ဂျင်ဆင်းလာတာ လှမ်းမြင်လိုက်သည်။
"ဘယ်သွားမလို့လဲဆော့ဂျင်.."
တံခါးဆီသို့ ဉီးတည်နေသော ဆော့ဂျင်ခြေလှမ်းများ ရပ်တန့်သွားသည်။
"နှင်းဆီခြံဘက်.."
အသံပြတ်နှင့်ပြောလာသော ဆော့ဂျင်သည် ဂျောင်ကုကိုကျောပေးလျက်..
"ဒီကိုခဏလာထိုင်ပါဉီး..မောင်မေးစရာရှိလို့.."
ခေါ်လိုက်တော့ ဂျောင်ကုထိုင်နေရာနှင့် မျက်နှာခြင်းဆိုင် ကျွန်းထိုင်ခုံကြီးတွင် ဝင်ထိုင်သည်။
ဂျောင်ကုက ဆော့ဂျင်ရှေ့သို့ စာရွက်တစ်ချို့ကို ချပေးလိုက်တော့ ဆော့ဂျင်က နားမလည်ဟန်မျက်မှောင်ကျုံ့လိုက်သည်။
သူ့ရှေ့က စာရွက်တွေကို ကောက်ကိုင်ပြီး အကြောင်းအရာတစ်ချို့ကို ဖက်ကြည့်ပြီးနောက် နားမလည်သလိုဖြစ်နေတဲ့ ဆော့ဂျင်မျက်နှာထားလေးမှာ နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း ဂျောင်ကုကို မထီသလိုကြည့်လာသည်။
"အသုံးလိုလို့ ငါ့ရှယ်ယာကို ငါပြန်ထုတ်သွားတာလေ..ဘာဖြစ်လို့လဲ.."
"ဆော့ဂျင်အသုံးလိုရင် မောင့်ကိုပြောလို့ရတယ်လေ..ရှယ်ယာတွေကို ဘာလို့ပြန်ထုတ်ရတာလဲ.."
"..."
ဂျောင်ကုအမေးကို ဆော့ဂျင်အဖြေမပေးတတ်..
ရှယ်ယာထုတ်ပေးတဲ့ ကိစ္စကို စိတ်မပူဖို့ မစ္စယူကို ဆော့ဂျင်ကိုယ်တိုင် ပြောခဲ့ပေမယ့် တကယ့်တကယ် ဂျောင်ကုမေးလာတဲ့ အခါမှာတော့ ဘယ်လိုဖြေရင်အဆင်ပြေမလဲ စဉ်းစားမရဖြစ်နေမိသည်။
YOU ARE READING
နှစ်နှစ်ကာကာ (completed)