pt.17

1.5K 166 14
                                    

မျက်နှာကို ရိုက်ခတ်နေသည့် ခပ်နွေးနွေးအထိအတွေ့နှင့်အတူ နှုတ်ခမ်းတစ်လျှောက်က ပူနွေးစိုစွတ်တဲ့အရာတစ်ခုအတွင်းသို့ကျရောက်နေသလို ခံစားရပြီး အပေါ်တစ်လှည့်အောက်တစ်လှည့် ငုံထွေးစုပ်ယူနေသည့် ခံစားချက်ကြောင့် အသည်းထဲက ယားကျိကျိဖြစ်လာသည်။

အိမ်မက်လိုလိုတကယ်လိုလို ခံစားနေရတာ​ကြောင့် မျက်လုံးတွေကိုဖွင့်ကြည့်ဖို့ကြိုးစားပေမယ့် လေးပင့်တဲ့မျက်ခွံတွေကိုမတွန်းလှန်နိုင်။

တဖြည်းဖြည်း နှာခေါင်းဖျားကို ဖိကပ်လာတဲ့ တစ်စုံတစ်ခုကြောင့် အသက်ရှူကြပ်လာတာမို့ ထိုအရာကိုဖယ်ရှားရန်ကြိုးစားမိသည်။ ရုန်းကန်လေ ဖိညှစ်ထားလေဖြစ်တာကြောင့် ယခုအ​​နေအထားဟာ အိမ်မက်မဟုတ်မှန်း ဆော့ဂျင်အသိဝင်လာသလို မရမကတွန်းဖယ်ရန် ကြိုးစားတော့သည်။

မျက်လုံးများပွင့်လာပြီး အသက်ရှုကြပ်ရခြင်းရဲ့တရားခံကိုရှာကြည့်တော့ ကျွန်တော်အရှေ့ရောက်နေတဲ့ဂျောင်ကု....

ထူပူနေတဲ့နှုတ်ခမ်းကြောင့် ကျွန်တော်သိလိုက်တာက ဂျောင်ကု ကျွန်တော့်ကိုနမ်းနေတာပဲ...

ဘယ်လိုတောင် တန်ဖိုးမထားတတ်တာလဲ...

သူ့အမြင်မှာ ကျွန်တော်ကသူ့အတွက်ပဲတကယ်ပဲ ကစားစရာတစ်ခုလို ခြယ်လှယ်ချင်တိုင်းခြယ်လှယ်လို့ရတဲ့ အရာတစ်ခုဖြစ်နေတာလား...

~~~ဂျွန်ကအဲ့လိုပဲ..သူခံစားချက်ကို သိပ်ကိုဉီးစားပေးလွန်းတယ်.~~~

​ဆေးရုံမှာယူဟန်နီ ပြောခဲ့တဲ့ စကားတစ်ချို့ကိုပြန်စဉ်းစားမိတော့ ဝမ်းနည်းစိတ်နဲ့ ဒေါသစိတ်နဲ့​ရောယှက်ပြီး ကြိတ်မနိုင်ခဲမရဖြစ်ကာ မျက်ရည်တွေပါဝဲလာသည်။

ဂျောင်ကုက ဘယ်အချိန်တည်းက အဲ့လို
လွယ်လွယ်ရလွယ်လွယ်ယူတတ်တဲ့
စိတ်မျိုးတွေဝင်လာရတာလဲ....

လုပ်ချင်ရာလုပ်ပြီး အပြစ်ကင်းချင်ယောင်ဆောင်နေတဲ့ ဂျောင်ကုကို ဒီ့ထက်ပို​ပြီး သည်းမခံချင်တော့ပါ....

"ဂျွန် ဂျောင် ကု!"

အံ့ကိုတင်းတင်းကြိတ်ကာ ကျွန်တော့်လက်ကိုဆုပ်ကိုင်ထားတဲ့ သူလက်ထဲကနေ ရုန်းထွက်လိုက်ပြီး ဝုန်းကနဲ မတ်တပ်ထရပ်လိုက်သည်။

နှစ်နှစ်ကာကာ (completed)Where stories live. Discover now