"အအေးသောက်ပါဉီးသခင်လေး..ခဏနေရင်အကိုလေးဆော့ဂျင်ဆင်းလာပါလိမ့်မယ်"
"အာ ရပါတယ်ဗျ အထိန်းတော်ကြီးကိုအလုပ်ရှုပ်စေမိပြီ"
"ရပါတယ်ဗျာ ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါဉီး"
"ကောင်းပါပြီဗျ"
အထိန်းတော်ကြီးလာချပေးတဲ့ အအေးခွက်လေးသောက်ရင်း မကြာပါ လှေကားလက်ရန်းကိုကိုင်ရင်း ဆင်းလာတဲ့ ကျွန်တော့်ရဲ့Hyung တစ်နည်းအားဖြင့်ကျွန်တော်မပိုင်ဆိုင်လိုက်ရတဲ့တစ်ဖက်သက်အချစ်ဉီးလေးပေါ့
hyungကသူ့မူပိုင်အပြုံးလေးဖြင့် ကျွန်တော့်ကိုပြုံးပြရင်း
"ယောင်းငယ် စောင့်နေတာကြာပြီလား"
"မကြာသေးပါဘူးhyungရယ်"
"ယောင်းလေးက မတွေ့တာကြာတော့ခန့်ချောကြီးကိုဖြစ်လို့"
"hyungလည်းပိုချောလာတယ်နော်"
"ဒါပေါ့ hyung ကအချိန်ပြည့်ချောနေတာလေ"
"ဟား ဟား hyungကိုတော့မနိုင်ပါဘူးဗျာ"
"ဒါနဲ့ အန်ကယ်ရောနေကောင်းရဲ့လား"
"အင်းးလူကတော့ကောင်းပါတယ် စိတ်ကတော့အရင်အတိုင်းပဲ"
"အင်းလေ အန်ကယ်လည်းအချစ်ဆုံးကို ဆုံးရှုံးလိုက်ရတော့ ဖြည်မဆည်နိုင်ဖြစ်နေမှာပေါ့"
"Hyungရောနေကောင်းရဲ့လား"
"Hyungကကောင်းပါတယ် မနေ့ထဲကလုပ်အားပေးသွားမလို့ကို ဂျောင်ကုနေမကောင်းတာနဲ့မသွားဖြစ်တော့တာ"
"ဂျောင်ကုကဘာဖြစ်လို့လဲ"
"ဂျောင်ကုလေးနေသိပ်မကောင်းလို့လေ အလုပ်ပင်ပန်းပြီးဖျားတာထင်ပါတယ်"
"စိတ်ဖိစီးမှုများတာလည်းထည့်ပြောဉီးလေ!"
"အော် ဂျောင်ကု နေမကောင်းဘူးဆို"
"ဒီလိုပါပဲ အကိုထယ်ယောင်းရယ် တစ်ချို့တစ်ချို့တွေက ပြစ်ထားတော့လည်းနေမကောင်းဖြစ်ပြီပေါ့"
လှေကားလက်ရန်းကိုကိုင်ရင်း တုတ်ကောက်ကိုအားပြုကာဆင်းလာတဲ့ဂျောင်ကုက အရင်ကထက်အရပ်ပိုရှည်လာပိုပြီး ထောင်ထောင်မောင်းမောင်းနှင့်ကြည့်ကောင်းလာသည်။ ညာဘက်လက်တစ်ဖက်လုံးကလည်း တတ်တူးအပြည့်နှင့်ဖြစ်ပြီး အရင်ကမျက်နှာဝိုင်းဝိုင်းလေးတွင်လည်း မေးရိုးကားကားများကနေရာယူထားသည်။ မျက်ခုံးကောင်းကောင်း နှာတံသွယ်သွယ်နှင့်ဂျောင်ကုက အန်ကယ့်လိုမျိုးခန့်ခန့်ညားညားလူချောတစ်ယောက်ဖြစ်သည်။ အန်တီနှင့်တူတာဆိုလို့ ဝါဝင်းတဲ့အသားအရေနဲ့မျက်လုံးဝိုင်းဝိုင်းလေးများသာ ကျန်တော့သည်။
YOU ARE READING
နှစ်နှစ်ကာကာ (completed)