ကျလာသမျှမျက်ရည်များကို အင်္ကျီလက်ဖြင့်သုတ်ရင်း ကားကိုဂရုစိုက်မောင်းနေရသည်။
ကြားခဲ့မြင်ခဲ့ရတာတွေကို ပြန်စဉ်းစားလိုက်ရင် အခုချိန်ထိကိုမယုံနိုင်သေးပါ...
ကျွန်တော့်ကိုနောက်ကွယ်မှာသူတို့ဘယ်လောက်တောင် လှောင်နေကြမလဲ...
ကျွန်တော်ကရော သူတို့ပါးစပ်ဖျားမှာဘယ်လောက်တောင်တန်ဖိုးမဲ့နေပြီလဲ...
စဉ်းစားရင်းခံပြင်းလွန်းလို့ စီယာရင်ကို တစ်ချက်ထုပြီး ပါးစပ်မှတောက်တစ်ချက်ခေါက်လိုက်သည်။
တဖြည်းဖြည်း လူနေအိမ်များတိုက်တာအဆောက်အအုံများနှင့်ဝေးသော တောင်ကုန်းမြင့်များသာရှိသည့် မြို့စွန်ဘက်ရောက်လာသည်။
ဒီနေရာဟာ တစ်နည်းအားဖြင့်ကျွန်တော်မိဘနှစ်ပါးအနားယူရာနေရာ....
ယူကလစ်ပင်ကြီးတစ်ပင်တည်းထီးထီးကြီးပေါက်နေတဲ့ ကုန်းမြင့်လေးတစ်ခုကိုရောက်တော့ ကျွန်တော်ကားကိုလမ်းဘေးသို့ချ၍ရပ်လိုက်သည်။ ထို့နောက် ကားထဲမှထွက်ကာ မြက်ပင်နုနုလေးများပေါက်နေသည့်လမ်းအတိုင်းဖြတ်လျှောက်ပြီး ထိုကုန်းမြင့်ပြေပြေလေးပေါ်သို့ လေးပင့်သောခြေလှမ်းများဖြင့် တစ်လှမ်းချင်းတက်လိုက်သည်။ ဆောင်းဉီးပန်းရိုင်းတွေအနည်းငယ်ပေါက်နေပြီး သစ်ရွက်ခြောက်တို့ဖုံးအုပ်နေတဲ့ မြေမို့မို့လေးနှစ်ခုရှေ့ကိုရောက်တော့ လေးပင့်နေတဲ့ခြေအစုံကို ရပ်တန့်လိုက်သည်။
~~~~~~~~
ဖေဖေနဲ့မေမေကိုမြုပ်နှံရာ မြေကမို့ပေါ်မှ သစ်ရွက်ခြောက်တစ်ချို့ကို ရှင်းပေးပြီး အုတ်ဂူများရှေ့ငုတ်တုတ်ထိုင်ချလိုက်သည်။
ပါးပြင်ပေါ်သို့စီးဆင်းလာသည့်မျက်ရည်တစ်ချို့ကိုလည်း လက်ဖြင့်သိမ်းဆည်းလိုက်သည်။
ကျွန်တော်ဘဝမှာအမုန်းဆုံးက မျက်နှာနှစ်ဖက်ရှိတဲ့လူမျိုးတွေ။
ရှေ့တင်တော့ကောင်းတော့မလိုလိုနဲ့နောက်ကွယ်ကျရင် သူများမကောင်းကြောင်းပြောတတ်တဲ့ ယုတ်မာတဲ့လူမျိုးဆိုကျွန်တော်အမုန်းဆုံး.....
YOU ARE READING
နှစ်နှစ်ကာကာ (completed)