Intro

26.7K 1.1K 100
                                    

Unicode~

ခန်းမအဝင်​ဘေးတစ်ဖက်တစ်ချက်စီမှာ ပန်းနု​ရောင်နှင်းဆီ​တွေနှင့် အလှဆင်ထားသည်။

​​အော်ပရာတီးဝိုင်းက သံပြိုင်ဂီတက ငြိမ့်ငြိမ့်​​ညောင်း​ညောင်း။ စည်းချက်အလိုက် လှုပ်ရှား​​နေကြ​သော ​ခြေလှမ်း​တွေ၊ ကချိုးကကွက်​တွေ။
​ရွှေချည်​ငွေချည်ထိုးထား​သော အမျိုးသမီးတို့၏ဂါဝန်ရှည်ချင်း ပွတ်သပ်သံက ​အော်ပရာတီးဝိုင်းရဲ့ ဘင်ဂျိုသံနဲ့ ​ရော​ထွေး​နေသည်။

သူ့လက်ဖျံက အမျိုးသမီးတစ်​ယောက်ရဲ့ ခါးပတ်ပတ်လည်မှာ ချိတ်တွယ်ထားလျက်ရှိပြီး အဆိုပါအမျိုးသမီး၏ လက်သွယ်သွယ်က သူ့ပုခုံးကို တင်းတင်းဆုပ်ကိုင်လို့။

အဆုံးသတ်တ​ယောသံအပြီးမှာ ခါးပတ်ကြိုးနဲ့တွဲချိတ်လျက်ရှိ​သော နာရီကို ယူကြည့်သည်။

"ကိုယ်ကိစ္စ​လေးရှိလို့ သွား​တော့မယ်"

မြင်းနက်ကြီးရဲ့ ဝမ်းဗိုက်ကိုကန်​တော့ ဒုန်းစိုင်း​ပြေးသည်။
လန်ဒန်မြို့၏ အိမ်​ညိုကြီးတစ်ခု​ရှေ့ ရပ်သွားပြီး တံခါးကို ​ဆောင့်ဖွင့်လိုက်သည်။

ကုတင်​ပေါ်ရှိထိုလူသားက ​ဆေးပြင်းလိပ်ကို ရှိုက်ဖွာလျက်သား။
ဝါညို​ရောင်ရှပ်အင်္ကျီ​ပျော့​ပျော့က ပုခုံးသားထိ ​လျှော​ကျနေပြီး ​ဘေးတ​စောင်းလဲ​လျောင်း​နေ​တော့ ခန္ဓါကိုယ်​ကောက်​ကြောင်းက ထင်းလို့။

"​နောက်ကျသွားတယ် Sorry"

"ဖြစ်​နေကျပဲ​လေ"

လည်တိုင်အထိ ပိတ်ထား​သော ကြယ်သီး​တွေကို အ​​ဆောတလျင်ဖြုတ်ပစ်ပြီး ထိုလူသားအနီး ချဥ်းကပ်သွားလျှင် ထိုလူသားက မျက်နှာကိုအုပ်ကိုင်၍ နှုတ်ခမ်းသား​ချင်း ထပ်တူကျ​​စေသည်။

နာကျင်ရသည်က ခန္ဓါကိုယ်ကလား စိတ်နှလုံးကလား အ​​ဖြေရှာမရ။
ဒီအခန်းက သူ့အတွက် အချုပ်အ​နှောင်တစ်မျိုး။

ချွတ်လက်စ အ၀တ်အစား​တွေက ကုတင်​ခြေရင်းနဲ့ ကုလားထိုင်​ပေါ်မှာမှာ မြင်မ​ကောင်းရှုမ​ကောင်း။
​သွေးစိမ်ရှင်ရှင်ထွက်​နေသည့် သူ့အချစ်ဇာတ်​မျှောကြီးထက်စာရင်​တော့ ကျက်သ​ရေရှိပါ​သေးသည်။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now