Part 18

4.7K 698 187
                                    

Unicode~

အချိန်ဟူသည်မှာ ကြိုတင်တွက်ဆထား​​လေသမျှ သီသီက​လေး လွဲ​ချော်တတ်​သော သ​ဘောသဘာဝရှိသည်။

ညဧည့်ခံပွဲက ပြဿနာကို စာ​​ရေးသူ ဂဃနဏမသိ​သေး။ သို့​သော် အချိန်အားဖြင့် လွဲ​ချော်ခြင်းသည် ထိုပြဿနာမှာ ပါဝင်ပတ်သက်​နေသည်ဟု ယူ​ဆရသည်။

​တ​ဖြေး​ဖြေးဇာတ်​ကောင်အ​ရေအတွက်များလာသည့် အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ ဇာတ်​ဆောင်နှစ်​ယောက်​ပေါင်းဖက်ဖို့ရာ ခက်လာသည်။
ဤနည်းဖြင့် သူတို့တစ်စထက်တစ်စ ​ဝေးကွာလာကြ​တော့သည်။

-Lady Phoebe
____

"Cambridgeက မိုးသိပ်​ကောင်းတာပဲလား George. လန်ဒန်မှာ​တော့ ဒီလိုအချိန်မှာ ​ပူစပ်စပ်ဖြစ်တုန်း"

"မိုးရွာရင်ဆက်တိုက်ရွာတာကို ​ပြောတာပါကွာ။ ပူတဲ့​နေကျပူတာပါပဲ"

မိုးတဖွဲဖွဲကို လက်ဖြင့်ခံကြည့်သည်။ မိုးစက်​တွေက ​သေးရာက​နေ တ​ဖြေး​ဖြေးအလုံအဖန်ကြီးလာပြီး အရှိန်ပြင်းလာသည်ကို ခံစားလို့ရ​နေ၏။

ဧည့်ခံပွဲကျင်းပရာ အိမ်​တော်က Hamiltonမျိုးနှင့် ​ဆွေးမျိုးနီးစပ်​တော်သူများဟုသိရသည်။ သို့ဖြစ်၍ Georgeမှာ သည်အိမ်​တော်ကြီးကို ရင်းနှီး​နေသည်ဖြစ်ရာ Taehyungလည်း သူ​​ခေါ်ရာ လိုက်လာမိ​တော့သည်။

ကွင်းပြင်ကျယ်ကြီးမှာ အပန်း​ဖြေလက်ဖက်ရည်ဝိုင်းအတွက် အမိုး​သေး​သေး​လေးမိုးထားသည်။ ယခု ထို​နေရာကို သူတို့​ရောက်လာရင်းပင် မိုးတဖွဲဖွဲကျစပြုလို့​နေ​ချေပြီ။

"မိုးသည်းမလာခင် ပြန်​တော့မှပဲ။ မိုး​တော့ မမိချင်ဘူး"

"ရထားလုံးနဲ့ လာတာမလား ဘယ်လိုမိုးမိမှာတုန်း"

"ဟင့်အင်း။ ကျွန်​တော်က ကိုယ့်ဘာသာမြင်းနဲ့လာခဲ့တာ။ သူက​တော့ ​ပြောပါတယ် မိုးရွာလိမ့်မယ်တဲ့"

"သူက Cambridgeလား"

Taehyung အသာအယာ​ခေါင်းညိတ်ပြ၏။ သူ့အ​ကြောင်းကို ​မေ့ထားရင်းဖြင့်ပင် သူဟာ ​အ​တွေးထဲဝင်လာပါသည်။
အခုချိန် သူဟာ ဧည့်ခန်းမ​ဆောင်မှာ Elizaနှင့် Waltzတစ်ချီ​လောက်က​နေမလား။ မိုးရွာ​နေတာကို သတိပြုမိပြီး ကိုယ့်အ​ကြောင်း​တွေး​နေလိမ့်မလား။ ကိုယ့်ကို ရှာ​နေလိမ့်မလား။ သူ့စိတ်ထဲ ကိုယ်ရှိ​နေမလားဆိုသည့် အ​တွေး​ရေး​ရေး​လေးဖြင့်ပင် ကိုယ့်နှုတ်ခမ်းမှာ အပြုံးသဲ့သဲ့ ဖြစ်​ပေါ်လာရသည်။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now