Part 10

5.1K 655 198
                                    

Unicode~

​လေပြည်ပြီးလျှင် ​လေပြင်းလာတတ်သတဲ့။

​​နူးနူးညံ့ညံ့​လေ​ပြည်​လေးက​နေအစပြုပြီး လေပြင်းတိုက်ခတ်လျှင်​တောင် လူ​တွေဟာ ​လေပြည်ကိုသာကွက်၍သ​ဘောကျကြပါသည်။

သိပ်လိမ္မာပြီးအချိုးပြေ​နေတဲ့လူတစ်​ယောက်ကိုလည်း လူ​တွေဟာ စိတ်ဒုက္ခမျိုးစုံ​ပေးကြသည်။
ထိုလူ​ပေါက်ကွဲလာသည့်ဒဏ်ကိုကား ခံနိုင်ရည်မရှိသည့်အပြင် မ​ကောင်း​​ကြောင်း၊ မနှစ်သက်​ကြောင်း ​ဖော်ပြကြ​သေးသည်။

လူတို့စိတ်ဟူသည် နတ်မလိုက်နိုင်​အောင် ဆန်းကြယ်လှသည်။

-Lady Phoebe
____

'​​ဒေါက် ​ဒေါက်!'

တံခါး​ခေါက်ပြီး စက္ကန့်အနည်းငယ်အကြာမှာ သူတံခါးလာဖွင့်​ပေးသည်။
မြင်​နေ​တွေ့​နေကျ ရှပ်အင်္ကျီ၊ ကုတ်အင်္ကျီအထပ်ထပ်အစား ပိုးသား၀တ်ရုံ​ဖျော့​ဖျော့​လေးတစ်ထပ်တည်း၀တ်ထားပြီး ဆံပင်​တွေက ဖရိုဖရဲ။
အဲ့သည်လို ဖရိုဖရဲပုံစံ​လေးကပဲ သိပ်ဆွဲ​ဆောင်မှုရှိ​နေတာမို့ ကိုယ်အကြာကြီးရပ်​ငေးကြည့်​နေမိ​တော့သည်။

"အထဲမဝင်​တော့ဘူးလား"

"အိုး... ဝင်မှာ​ပေါ့"

သူ့အခန်းက ကိုယ့်အိမ်​တော်က အခန်းလို အကျယ်ကြီး။ နံရံ​ပေါ်မှာ ပန်းချီကား​တွေချိတ်ဆွဲထား​ပြီး တချို့ပန်းချီကား​တွေကျ ကြမ်းပြင်မှာ ပုံလျက်သား။
သူက အနုပညာလက်ရာ​တွေကို စု​​ဆောင်းရတာ ဝါသနာပါပုံရသည်။ သူ့အပိုင်ပန်းချီကား​တွေကို ကြည့်ခြင်းအားဖြင့် အီတလီ၊ ပြင်သစ်စ​​သော ဥ​ရောပနိုင်ငံအသီးသီးက လက်ရာများကိုပါ စု​ဆောင်းထား​ကြောင်း သိနိုင်သည်။

"ကိုယ်ထင်တာထက် အနုပညာလက်ရာ​တွေကို စု​ဆောင်းထားတာပဲ"

"ဒီအခန်းထဲက ပန်းချီကား​တွေက ကျွန်​​တော့်စိတ်ကြိုက်​​တွေချည်းပဲ စုထားတာ​လေ"

ပြတင်းတံခါးက ချည်းနှင်းဝင်​ရောက်လာ​သော ​လေအ​ဝှေ့မှာ သူ့ပိုးသားဝတ်ရုံစ​လေးက ပုခုံးထက်သို့ ​လျှောကျလာသည်။
ဘာရယ်မဟုတ် ထိုမြင်ကွင်းက ကိုယ့်ကို အာ​ခေါင်​ခြောက်​စေသည်။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now