Part 14

4.6K 653 97
                                    

Unicode~

Cambridge အိမ်​​တော်က လသာသာ​အောက်မှာ တိတ်ဆိတ်လို့​နေသည်။

ခပ်​​ဝေး​ဝေးက​နေ မြင်ရ​တော့ ဒီအိမ်​တော်ထဲက ပုံရိပ်​တွေကို ဖမ်းယူကြည့်ဖို့ ခက်တာ​ပေါ့။
အိမ်​တော်မျက်နှာစာနဲ့ ခြံဝင်းအကြား အကွာအ​ဝေးက နည်းမှ မနည်း​လေးပဲ​။

ဝရန်တာက လူနှစ်​ယောက်ပုံရိပ်။
ထိုလူနှစ်​ယောက်ဟာ မည်သူမည်ဝါရယ်လို့ အတပ်မသိရ။

မိန်းမပျိုလား၊ ​ယောကျ်ားပျိုလား။

ဘယ်လိုပဲဆိုပါ​စေ.. လ​ရောင်​အောက်က အဲ့သည်ပုံရိပ်က သိပ်လှလွန်းပါတယ်။
ပန်းချီကားတစ်ချပ်သာဆို ဘယ်​လောက်​တောင် ဂန္တဝင်​မြောက်လိမ့်မလဲ။

-Lady Phoebe
____

'ခလွမ်း!'

​ကြွေပန်းအိုးတစ်လုံး ကွဲကျသံနှင့်တူသည်။ ထိုအသံ​ကြောင့် ပုံ​ဖော်လက်စအနမ်း​တွေဟာ အလိုလိုရပ်တန့်မိလျက်သား။

"​ဟေး ဘယ်သူလဲ!"

ဘုရားသိကြားမ,လို့ တစ်​ယောက်​ယောက်​တွေ့သွားတာ​တော့ မဟုတ်​လေဘူးမလား။ Jeonရဲ့ လက်​ကောက်ဝတ်က အင်္ကျီစကို ဆွဲထားမိရင်း ​ချွေး​စီးအနည်းငယ်ပြန်လာပြီး ​ခြေဖျားလက်ဖျားများ​အေးစက်လာရသည်။

"တစ်​ယောက်​ယောက် ​တွေ့သွားတာလား မသိဘူး Jeon"

"ခဏ​လေး ကိုယ်ပြန်လာခဲ့မယ်"

အခန်း​ထောင့်အကွယ်က အသံကြားရာကို Jeonက ​​ပြေးကြည့်သည်။ ကိုယ်က အဲ့ဒီဝရန်တာမှာ ရပ်လျက်သား။ အ​ကြောများ​သေ​နေသလို မလှုပ်မရှားနိုင်.. ​တောင့်​တောင့်ကြီးသာ ရပ်ကျန်ခဲ့သည်။

တစ်​ယောက်​ယောက်သာ ​တွေ့သွားရင် ဘယ်လိုလုပ်မလဲ.. အသိခံဖို့ သူအဆင်သင့်မဖြစ်​သေးပါ။ ဘယ်လိုတုံ့ပြန်ရမလဲ၊ ဘယ်လို​တောင့်ခံရမလဲ.. စတဲ့​မေးခွန်း​တွေအတွက် အ​ဖြေကို ရှာမ​တွေ့​သေး။ အသည်းအသန်တစ်ခုချင်းစဥ်းစားကြည့်​​သော်လည်း စိုးရိမ်စိတ်ကပို​နေသည်တွင် ဘာမှဖြစ်မလာနိုင်။

"ဟင်း... ​ကြောင်တစ်​ကောင်တိုက်ချသွားတာ​နေမှာ။ ဘာမှစိတ်မပူနဲ့​တော့"

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now