Unicode~
လေပြည်တအေးအေး တိုက်ခတ်နေသည်။
အဆောက်အဦးညိုညိုအပြင်ဘက်က ယူကလစ်ပင်ကြီးက ဟိုဟိုသည်သည်ယိမ်းနွဲ့လို့ပေါ့။ ကုက္ကိုလ်ပင်အောက်က အနမ်းတွေဟာ ယူကလစ်ပင်ထိ ကူးစက်လာလေသလား။
လေပြည်တွေက သယ်ဆောင်လာတာ ဖြစ်လိမ့်မည်။စာရေးသူပြောဖူးတဲ့ ယောကျ်ားနှစ်ယောက်ရဲ့ အချစ်ပုံပြင်လေးကို တစ်ဖန်နောက်ကြောင်းပြန်ရတော့မည်။
ပုံပြင်ထဲဟာ မြို့လေးဟာ လန်ဒန်မြို့တော်ဖြစ်သွားနိုင်တာပဲလေ။
လူတွေဟာ ချစ်မိပြီဆိုလျှင် စည်းမျဥ်းတွေကို အလိုလို လျစ်လျူရှုမိလျက်သားပေါ့။
-Lady Phoebe
____သူ ဘာမှမတွေးတော့ဘဲ Jeonကို ဆွဲနမ်းပစ်မိတာ။
Cambridgeအရှင်သခင်ကြီး၏ အသက်ရှူရာလမ်းကြောင်းတလျှောက်ကို အပိုင်ရစမ်းချင်သည်။
တစ်မိနစ်၊ တစ်နာရီ.. တဒင်္ဂလေးအချိန်လေးပဲဖြစ်ဖြစ် သူအပိုင်ရမှဖြစ်မည်။ တဒင်္ဂဆိုတာတွေများလာရင် ပိုင်ဆိုင်ချိန်တွေလည်း များလာနိုင်တာပဲပေါ့။
ချောင်းလေး မြောင်းလေးတွေ ပေါင်းရင်တောင် ပင်လယ်ကြီးဖြစ်နိုင်သေးတာပဲလေ။'အွန်း..'
ကိုယ်တို့နှစ်ယောက်လုံး Owenခန်းမ၏ ဗဟိုချက်မနေရာရောက်နေသည်ကို မေ့မေ့ပျောက်ပျောက်။
နှစ်ယောက်သား အာကာသဟင်းလင်းပြင်ထဲ လွတ်လွတ်လပ်လပ်နမ်းရှိုက်နေရသလို ခံစားချက်မျိုး။ကိုယ့်လက်နှစ်ဖက်ဟာ ကြီးမြတ်လှပါသော အရှင်Cambridge၏ ဆံနွယ်တွေကြား ပြေးလွှားဆော့ကစားနေမိသည်။ အလုအယက် လျင်သူဦးစတမ်း နှုတ်ခမ်းချင်း ပြိုင်ဆိုင်မှုတွေဟာလည်း နှုတ်ခမ်းဘေးက အရည်ကြည်တွေ စီးကျလာသည်အထိ။
"ကလေး... တစ်ခုခု ဖြစ်နေတာလား"
Jeonလက်နွေးနွေးက ကိုယ့်ပါးကို ထိကပ်ထားသည်။ Jeonမျက်ဝန်းတွေဆီ စိုက်ကြည့်ရင်း အပြေးအလွှားအဖြေရှာကြည့်တော့ သူ့ဆီမှာ လှည့်စားလိုစိတ်နည်းနည်းလေးတောင် မရှိသလိုပါပဲ။
သူကပဲ ဟန်ဆောင်ကောင်းနေတာလား၊ ကိုယ်ကပဲ သူ့အကြည့်တွေကို ဖတ်နိုင်စွမ်းအားနည်းတာလား။
ဒီအကြည့်တွေနဲ့ နည်းနည်းမှ လိုက်လျောညီထွေမရှိစွာ သူဟာ ကိုယ့်အသည်းကို လက်တွေ့ကျကျ ကစားလို့ နေပါသည်။
![](https://img.wattpad.com/cover/318585879-288-k777348.jpg)
YOU ARE READING
𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚
Fanfiction"You're the most rakish person I've ever seen" "That's why you're here with me..now" "That's right.I hate you about that but 'm attracted to you at the same time" "All good boys go to heaven but here's a rake who brings heaven to you" Kookv JJK x KT...