Unicode~
လန်ဒန်မြို့တော်ရဲ့ မြက်ခင်းပြင်စိမ်းစိမ်း။
ညိုစိမ့်စိမ့်အဆောက်အဦးတွေ..၊ ကျောက်စရစ်ခဲပြာလဲ့လဲ့တွေ.. အားလုံးကို ကျောခိုင်းရချိန်။Cambridgeသို့ အသွားလမ်းဟာ ပုံမှန်ရက်တွေလိုပဲ သာယာလို့နေသည်။
လေတဖြူးဖြူး၊ ကောင်းကင်ပြာလဲ့လဲ့.. အစစအရာရာဟာ ခရီးသွားသူတို့ကို မျက်နှာသာပေးလျက်ရှိသည်။နေ့တစ်ဝက်လောက် မြင်းကိုဒုန်းစိုင်းစီးမှရောက်နိုင်မည့်ခရီးမို့ မြင်းရထားလုံးအိပဲ့အိပဲ့နဲ့ဆို ဒီထက်မက ပိုကြာရှည်နိုင်သည်။
ဘယ်နေရာမှာ ဘယ်လောက်ကြာကြာနား၍ ခရီးဆက်ကြမည်လဲ။စာရေးသူအတွက် နောက်နေ့များ Cambridgeက သတင်းရဖို့ရာ နှစ်ဆပိုကြိုးစားဖို့ လိုလေတော့မည်။
-Lady Phoebe
____"မင်းအဆင်ပြေရဲ့လား။ လမ်းက နည်းနည်းတော့ ကြမ်းဦးမှာ"
Taehyung မချိမခံသာ ပြုံးပြလိုက်ရသည်။
မနက်က အတွေးများပြီး ခေါင်းထဲမှာတရိပ်ရိပ်ကိုက်ခဲနေတာကြောင့် နေမကောင်းလို့ဖြစ်ကြောင်း တစ်မိသားစုလုံးကို ညာထားခဲ့တာ။
အခုမြင်းရထားလုံးထဲ ထိုင်နေချိန်ထိလည်း သူ့အတွေးတွေက တောင်ရောက်မြောက်ရောက် ယောက်ယက်ခတ်နေဆဲ။ရထားလုံးထဲမှာ သူကတစ်ဖက်ထိုင်ပြီး မျက်နှာချင်းဆိုင်မှာ Jeon နဲ့ Eliza.
ဒီလိုမြင်ကွင်းမျိုးကို တစ်လမ်းလုံးထိုင်ကြည့်သွားရမယ်ဆိုတာက သူ့နှလုံးသားကို အကျဥ်းချနေသလိုပါပင်။အပြင်ဘက်က ဖုန်မှုန့်တသောသောကြောင့် ရထားလုံးတံခါးချပ်ကို အလုံပိတ်ထားရသဖြင့် အကြည့်လွဲပြီး အပြင်ဘက်ရှုခင်းကို လှမ်းမျှော်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်။
သူ့မျက်ချင်းဆိုင်က ချစ်ကြင်စစုံတွဲကိုသာ မမြင်ချင်လည်း မြင်နေရသည်။
'ချစ်ကြင်စ' ဆိုတဲ့ ဝေါဟာရလေးကို တွေးမိရုံတင် ကိုယ့်အသည်းတွေဟာ အစိတ်စိတ်အမွှာမွှာကွဲကြေရပါသည်။ဘုရားသိကြားမ,လို့ပဲဖြစ်ဖြစ် Jeonဟာ Elizaကို မျက်စိမှောက်လို့ပင် မချစ်ပါစေနဲ့။ ဒါကို သူ့ရင်ထဲက လှိုက်လှိုက်လဲလဲကို ဆန္ဒပြုရပါသည်။
![](https://img.wattpad.com/cover/318585879-288-k777348.jpg)
YOU ARE READING
𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚
Fanfiction"You're the most rakish person I've ever seen" "That's why you're here with me..now" "That's right.I hate you about that but 'm attracted to you at the same time" "All good boys go to heaven but here's a rake who brings heaven to you" Kookv JJK x KT...