Unicode~
Cambridge လေထုက ကြမ်းကြုတ်ပါသည်ဟု ပြောခဲ့ဖူးသည်။
တစ်ချိန်တည်းမှာပင် ထိုလေထုက လောင်မြိုက်ခြင်းကို အားပေးသည်။သည်လေနီကြမ်းတွေနဲ့ အသားကျပြီးသား Cambridgeနယ်သားတစ်ယောက်သည်ပင် လောင်ကျွမ်းမှုကို အသားအကျနိုင်ပါ။
အပေါ်ယံအသားစတွေ လောင်ကျွမ်းခံရသည်ထက်ပို၍ နှလုံးတွင်းကို လိုက်၍ တမြေ့မြေ့လောင်ကျွမ်းစေသော..။အတ္တတွေ မာနတွေ အပြိုင်ကြီးထွားနေကြရင်း တစ်ခါတစ်ရံ နွေးထွေးမှုနဲ့ မေတ္တာတွေကို မေ့နေတတ်သည်။
ကိန်းခန်းကြီးလေသမျှကလည်း အရေးပါချင်မှပါတာကိုး..။အဆောင်အယောင်သက်သက်သော အရာတွေကို လိုက်ဂရုစိုက်နေရင်း အစစ်အမှန်တွေဆီက ဝေးလာတာကို သတိမမူမိကြတော့။
-Lady Phoebe
____သေနတ်ပစ်ကွင်းကနေ ပြန်ခဲ့ချိန်မှစပြီး သူ့ရင်ထဲ ကသိကအောက်ခံစားချက်တစ်ခု စတင်ဝင်ရောက်လာသည်။
သူ့အမြင်အာရုံထဲ ထပ်တလဲလဲ မြင်တွေ့နေရသည်က Georgeနဲ့ Taehyung. သူတို့နှစ်ဦး၏ အတူယှဥ်တွဲရပ်နေပုံက သစ်တောက်ငှက်တစ်ကောင် သစ်ခေါက်ကို နှုတ်သီးနှင့်ထိုးဆွသကဲ့သို့ ကိုယ့်နှလုံးသည်းပွတ်ကို ထိုးဆွလျက်ရှိသည်။
ကိုယ်တိုင်က လိုလိုလားလားဖြင့် Taehyungကို သည်နေရာထိခေါ်လာခဲ့သော်လည်း ယခုမူ နောင်တရမိနေပြီ။ Georgeရှိနေတယ်ဆိုတာကိုသာ စောစောစီးစီးသတိရမိရင် Taehyungကိုလည်း Cambridgeအထိ ခေါ်လာမိမှာမဟုတ်။
အခုတော့ သူ့မှာ အမည်မသိသော ပူလောင်ခြင်းတွေ တွယ်ငြိလာလေပြီ။
အထူးသဖြင့် ဒီညဧည့်ခံပွဲ။
လူစုံတက်စုံတက်ရောက်သင့်တဲ့ ဧည့်ခံပွဲ... Kim Taehyungကို မခေါ်သွားလို့မရ။ သူ၏ လောလောဆယ်စိတ်အခြေအနေအတိုင်းဆို ခေါ်သွားဖို့ရာ ဆန္ဒရှိမနေ။
ထိုဧည့်ခံပွဲကို Georgeကလည်း သေချာပေါက်လာလိမ့်မည်။ သူက Elizaနဲ့ partnerဖြစ်နေတာမို့ Kim Taehyungအနားမှာ Georgeက ရှိကို ရှိနေလိမ့်မည်။
ဤအတွေးဖြင့်ပင် သူ့သွေးကြောတွေက တဆတ်ဆတ်တုန်နေခဲ့၏။
YOU ARE READING
𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚
Fanfiction"You're the most rakish person I've ever seen" "That's why you're here with me..now" "That's right.I hate you about that but 'm attracted to you at the same time" "All good boys go to heaven but here's a rake who brings heaven to you" Kookv JJK x KT...