Part 26

5.5K 684 77
                                    

Unicode~

အတက်အကျများတဲ့ ဇာတ်လမ်း​လေးတစ်ပုဒ်လိုပါပဲ။

ပွဲကြည့်ပရိတ်သတ်​တွေက ဇာတ်​ဆောင်​တွေနဲ့အ​တူ ​ပျော်လိုက်ငိုလိုက်။

သည်ဇာတ်လမ်းကို ထိုင်ကြည့်​နေသူက စာ​ရေးသူနဲ့အတူ ခပ်ငယ်ငယ်ဆယ်​ကျော်သက်သခင်မ​လေးတစ်​ယောက်ပဲရှိတာမို့ အနည်းငယ်​တော့ ​ပျင်းစရာ။
သည်​လောက်ထူးခြားတဲ့ဇာတ်လမ်းကို လူတိုင်းသိသင့်တယ်မထင်ဘူးလား။ လူတိုင်းခံစားကြသင့်တယ်မလား။

စာ​ရေးသူ​​ပြောခဲ့ဖူးတဲ့ ​ယောကျ်ားနှစ်​ယောက်ရဲ့ပုံပြင်က လန်ဒန်မြို့ထဲမှာ ဖြစ်​နေခဲ့မယ်ဆိုရင်​ရော..

-Lady Phoebe
____

သတိလက်လွတ်​ပွေ့ဖက်ခိုလှုံမိရာက Jeonကို အလန့်တကြား ​မော့ကြည့်သည်။
အိပ်မက်လိုလို ဘာလိုလို စိတ်​ခြောက်ခြား​နေလိုက်တာများ..။

သူစိမ်းတစ်​ယောက် အခန်းထဲ ​ရောက်လာ​တော့ Taehyungအ​တော်​လေး ​သွေးလန့်မိခဲ့သည်။ အခန်းဝရန်တာက​နေ ​ကျော်တက်လာသူမို့ အင်မတန်အတင့်ရဲတာပဲဟု ​တွေးလိုက်မိသလို တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုအန္တရာယ်ပြုမှာ ​ကြောက်​နေမိပြန်သည်။

'Owenအိမ်​တော်က ဆင့်​ခေါ်လိုက်တယ်'ဆိုသည့် စကား​ကြောင့်သာ အရဲစွန့်ပြီး ဒီအထိ​ရောက်လာတာဖြစ်သည်။

Jeonကို​လေ.. ကိုယ့်​ရှေ့ ​ရောက်လာမယ်လို့ မ​မျှော်လင့်ခဲ့ရိုးအမှန်ပါ။ ပုံရိပ်​ယောင်သက်သက်လို ထင်​​နေရင်းက ကိုယ့်မျက်နှာကို သူဖွဖွအုပ်ကိုင်​သောအခါ ဒါဟာ လက်​တွေ့ဖြစ်​နေ​ကြောင်း သိလိုက်ရသည်။

ရင်ထဲလှိုက်ဖိုမှုနဲ့အတူ ရှိုက်ကြီးတငင်ငိုချလိုက်ချင်​သော်လည်း ဆို့နင့်လို့​နေသည်။
သူမက်တဲ့ အိပ်မက်​လေးထဲကလိုပင် Jeonဟာ သူ့​​ရှေ့​ရောက်လို့ ​နေ​လေပြီ။

"Jeon.. လန်ဒန်ကို လိုက်လာတယ် ဟုတ်လား"

"ဟုတ်တာ​ပေါ့ က​လေးရယ်"

"အဟမ်း! ​အေး​ဆေး စကား​ပြောကြဦး။ အိမ်ပြန်လိုက်ဦးမယ်"

အိမ်ပြန်သည်ထက် Owenက အလိုက်သတိ​ရှောင်​ပေးတာဖြစ်သည်။

𝙏𝙝𝙚 𝘿𝙪𝙠𝙚, 𝙏𝙝𝙚 𝙍𝙖𝙠𝙚Where stories live. Discover now